Episode-10

1.4K 202 38
                                    

" ကိုယ့် စကားကို ဘယ်လို နားလည်လိုက်တာလဲ
Kim seok jin  !!! "

သက်ပြင်း တစ်ချက် ရှိုက်ပြီး လေသံ ခပ်မာမာဖြင့်
ပြောလာတဲ့ ကိုကို့ စကားများက တိတ်ဆိတ်သော
ဆောင်းည အလယ် ဟီးခနဲ ပဲ့တင်ထပ်လျက် ..

ခါးထောက်ပြီး ခေါင်းမော့ ထားသည့်တိုင် စိတ်ပျက်
နေမှုက အထင်းသား ..

" ဘာလဲ ?! ဆေးခန်းမှာ ရှောင်လို့ ပြောလိုက်လို့ အပြင်
မှာ date ကြတဲ့ သဘောလား ?! "

Jeon jungkook .. သူ စည်းကျော်သွားပြီ ..

ဘယ်လိုပဲ ညီအကို တစ်ယောက်လို သဘောထားတယ် ပြောပြော ..

ကျနော်တို့ ထိုင်နေတဲ့ bar ကို ကမူးရှူးထိုး ဝင်လာပြီး
အခုလို ရှူးရှူးရှားရှား ဒေါသထွက်ပြနေတာ ကြီးက
ရိုးရိုးသားသားမှ မဖြစ်နိူင်တာပဲ ..

နောက်ဆုံးတော့ ကိုကို့ရဲ့ ခံစားချက်တွေ ဖုံးဖိမရနိူင်
အောင် ပွင့်ထွက်လာခဲ့ပြီ ..

ကျေးဇူးတင်ပါတယ် ကိုကို အခုလို ပထမဆုံး စည်းကို
ကျော်လာခဲ့ပြီး ကိုကို့ စိတ်ကို ထုတ်ပြပေးလို့ ..

ကျန်နေတဲ့ စည်းတွေ ကန့်သတ်ချက်တွေ အားလုံးကို
အခုကစပြီး ရူးမိုက်မှုတွေ အရှက် သိက္ခာမဲ့ခြင်းတွေနဲ့ ကျနော်ကပဲ ကျော်လာခဲ့ပေးမှာမို့ ..

ကိုကိုက ဒီအတိုင်းလေး ရပ်နေပေးရုံနဲ့ လုံလောက်တယ်

" အဲ့လူက ... ကိုကိုပဲ !! "

" ဘာ ... ?! "

" ကျနော့် ဘဝကို ပြောင်းလဲစေခဲ့တဲ့ ကျနော် သိပ်ချစ်
ရတဲ့ သူက .. Jeon..Jung..Kook !!! "

နှင်းမှုန်ဖြူတွေပေါ် ခပ်ဖွဖွနင်းပြီး ကိုကို့ အနား တိုး
လျှောက်သွားလိုက်သည့်တိုင် ..

ကျနော့် စကားကြောင့် နေရာမှာတင် အေးခဲသွားသလို
မလှုပ်မရှုက်ရပ်နေတဲ့ ကိုကိုက ယုန်မျက်လုံး ဝိုင်းဝိုင်း
တို့ဖြင့် မှင်သက်စွာ ငေးကြည့်နေဆဲ ..

HEKde žijí příběhy. Začni objevovat