Announcement (Z)
78 3 0
"မင်္ဂလာရှိတဲ့ နေ့လေးတစ်နေ့ပါ ခင်ဗျာ"
Silent strike လေးကလည်း အားတက်ဖွယ် အစွမ်းကုန် အောင်မြင်ပါတယ်... y နဲ့ ခင်မင်ရင်းနီးသူတိုင်း silent strike မှာ ပါဝင်ပြီး ပန်းတိုင်ဆီချီတက်ခဲ့ကြမှာပါ...
တစ်နိုင်ယုံကြည်ရာကို ဆုပ်ကိုင်ပီး ပန်းတိုင်ကို ချဉ်းကပ်ရင်း အကြောင်းအရာလေးတစ်ခုကို ရှင်းပြချင်ပါတယ်... "သစ်ပင်လေးတွေရှင်သန်စေ" နဲ့ ပတ်သက်တဲ့ အကြောင်းအရာလေးပါ...
"သစ်ပင်လေးတွေရှင်သန်စေ" အတွက် အချိန်ယူပုံ~
Y အချိန်ပေးနိုင်တဲ့အခါ "သစ်ပင်လေးတွေရှင်သန်စေ" ကို မှတ်တိုင်တစ်ခုအတွက် Edit ဖို့ စိတ်ကူးရှိပီးသားပါ... "သစ်ပင်လေးတွေရှင်သန်စေ" ကို 2015 မှာ y တစ်စဆီ အကြမ်းဆက်ခဲ့တယ်... 2016 မှာ အပြည့်အစုံ ချိတ်ဆက်ကြည့်တယ်... y ဖက်က ပြည့်စုံပီလို့ ယူဆတဲ့ 2017 ရောက်မှ FB ပေါ်တင်ဖြစ်တယ်... နှစ်ရှည်အချိန်ယူတာ အရမ်းကို ကောင်းနေလားလို့မေးရင် y အတွက်အဖြေက အနုပညာလက်ရာကို အသေးစိတ်အချိန်ပေးဖို့ ခက်ခဲတဲ့ lifestyle ကြောင့်လို့ ဖြေချင်ပါတယ်... ခဏအားရင် အားသလို အကြမ်းချရေး Annual leave တွေရတဲ့ ရက်တွေမှာ စာကို လုံးဆက်လိုက်လို့သာ "သစ်ပင်လေးတွေရှင်သန်စေ" ဆိုပီး အပိုင်း ၃၀ကျော် လက်ရာတစ်ခုဖြစ်လာတာပါ...
Facebook မှာ senior စာရေးသူတွေရဲ့ page တွေက လက်တွဲကူ တွဲတင်ပေးရင်း y လက်ရာလေးကို အတော်အသင့် အသိများလာကြပါတယ်... 2019 မှ Wattpad မှာ published လုပ်ဖြစ်ခဲ့တာပါ...
Y ရဲ့ တခြားသောလက်ရာတွေရဲ့ အစိတ်အပိုင်းတွေ ပါဝင်နေပုံ~
"သစ်ပင်လေးတွေရှင်သန်စေ" ရဲ့ ရှေ့တွေမှာ A4 နဲ့ဆို အရွက်၅၀စာလောက်ပဲရှိတဲ့ လက်ရာအတိုလေးတွေ ၁၃ပုဒ်ရှိပါတယ်... အကုန်လုံးကို ဖတ်ဖူးသူလည်းရှိမယ်... "သစ်ပင်လေးတွေရှင်သန်စေ" ဆိုတာ y တကယ်ကို အရှည်ဖန်တီးမယ် ရှေ့လက်ရာလေးတွေနဲ့ ချိတ်ဆက်မယ် puzzle သဘောမျိုး... ပန်းချီကားချပ် ၄ ၅ ချပ်ကို စုချိတ်လိုက်မှ ပုံအစစ်အမှန်ထွက်တဲ့ သဘောမျိုးနဲ့ y လက်ရာလေးတွေကို ဖန်တီးပါတယ်... ဒါကြောင့် တချို့သော နေရာဒေသ ဖွဲ့စည်းမှုတွေဟာ ပြန်လည်ပါဝင်နေပါတယ်...