Part 5.1
"ကျွန်တော်က ညီလေးတို့သိတဲ့အတိုင်း သုဘရာဇာသားပါ... အမေက အဖေသေသွားတည်းက သချႋုင်းမှာပဲနေပြီး ကျွန်တော်တို့ကို ရှာကျွေးခဲ့တယ်... လူသေရှိ မီးရှို့... ဂူသွင်း... အုတ်ဂူ သန့်ရှင်းရေးလုပ်ပေါ့... ပလတ်စတစ်တွေလည်း ကောက်ပြီး ထမင်းဖိုးရှာရတယ်... ကျွန်တော်လည်း ကြုံရာလုပ်ရင်း ကားမောင်းတတ်သွားတယ်... ဒါပေမယ့် လာဘ်တိတ်တယ်ဆိုပြီး ကြာကြာအလုပ်မခန့်ဘူးလေ... ကျောင်းတက်နေတဲ့ ကျွန်တော့် ညီနဲ့ညီမဆိုလည်း အနှိမ်တအားခံရတယ်လေ... ကျွန်တော်လည်း ရန်ကုန်ကို စပယ်ယာလိုက်လာရင်း သတင်းစာမှာတွေ့လိုက်လို့ အလုပ်လျှောက်လိုက်တာ... မရမှန်းတော့ သိနေတယ်"...
"ကျွန်တော် အလုပ်ခန့်ဖို့ ခေါ်တာပါ... ကျွန်တော်တို့က အဆင့်အတန်းမခွဲခြားပါဘူး... လူသားချင်း ဖေးဖေးမမ နေတတ်သူတွေပါ ကိုမြတ်သူ... ကိုမြတ်သူ အဆင်ပြေရင် ရှေ့လကစပြီး အလုပ်စဆင်းပါ... စည်းကမ်းတွေကတော့ လူတွေ့မှာ ပြောထားတဲ့အတိုင်းလိုက်နာနိုင်ရင် ကျွန်တော်တို့ဖက်က အလုပ်ထုတ်လို့မရပါဘူး... ဘာကြီးပဲဖြစ်ဖြစ် လူသားအချင်းချင်းပါ ကိုမြတ်သူ... ရုံးကလူတွေလည်း ကိုမြတ်သူ ကို မနှိမ်ပါဘူးခင်ဗျာ... ကျွန်တော်အဆင်ပြေအောင် ဖန်တီးပေးထားပါတယ်"...
"ကိုမြတ်သူ ကို ကျွန်တော့်ကားနဲ့ပဲခေါ်ခိုင်းပြီး ကော်ဇောပေါ်ကနေ လျှောက်လာခိုင်းတာက ကျွန်တော်တို့ လူတန်းစားမခွဲခြားဘူးဆိုတာ ပြချင်လို့ပါ... ကိုမြတ်သူ လက်ခံမယ်ဆို ကျွန်တော်နဲ့ မန်နေးဂျင်းတို့က ကိုမြတ်သူ မိခင်အတွက် ဆေးဖိုး တစ်လနှစ်သိန်း ပေါင်းထည့်ပေးမယ်... ကိုမြတ်သူ အမေ သားသမီးတွေနဲ့ လောက်ငှအောင်ပါ"...
"ကျွန်တော်... ကျွန်တော်"... y က ပိတ်ကာ... "ကိုမြတ်သူ ဘာမှမပြောနဲ့တော့... ကိုမြတ်သူ အမေတို့လို လုပ်ပေးမယ့်သူရှိလို့ အလောင်းတွေ မြေကျတာ... မဟုတ်ရင် ပကာသနနဲ့မာနတွေကြား ပုပ်သိုးနေမှာ..."
"ကျွန်တော်လေ... ကျွန်တော် ဘာမှမပြောတတ်တော့ဘူး... ဝမ်းသာတယ် ညီ... အမေသိရင် ပျော်ပြီးငိုမှာ... ကျွန်တော်တို့ဆို ကြမ်းပြင်မှာပဲထိုင်ရတာလေ... အခုလို အကောင်းစားခုံမှာထိုင်ပြီး သူဌေးနဲ့ စကားပြောဖို့ နေနေသာသာ ရပ်ကွက်လူကြီးကတောင် ကျွန်တော်တို့ကို တစ်ခွန်းထက် ပိုမပြောခဲ့ဘူး... အမြဲအနှိမ်ခံရတာလေ... အလုပ်ရပြီဆိုတော့ အမေတအားပျော်မှာ... အခုလို အကောင်းစားကားတွေကို မောင်းခွင့်ရတာသိရင် ပိုပျော်မှာ... ကျေးဇူးဆပ်တဲ့အတွက် အစ်ကို ကန်တော့ပါရစေ"...
YOU ARE READING
Non-Fictionခက်ခဲသည့် ဖြစ်တည်မှုတွေကြား သစ်ပင်လေးတွေရှင်သန်စေမလား ခက်ခဲသည့် ဖြစ်တည်မှုတွေကြား သစ်ပင်လေးတွေရှင်သန်စေမလား