Tree 4.3
514 40 7
Part 4.3
(ဒီ section တွင် ပါဝင်သည့် dialogue များကို y အရမ်းကြမ်းထားပါတယ်, ရှင်းရှင်းလင်းလင်း သိမြင်စေရန် ဒဲ့ ချထားပါတယ်)
Dragon Group Headoffice
Branch အသစ်အတွက် ဝန်းထမ်းသစ်များပို့ထားသည့် CV Form တွေကို MD ထွဋ်ဟိန်းမောင်နှင့် Executive Director ခေတ်သျှန်လင်း တို့ စီစစ်နေကြသည်... အလုပ်နှင့်ကိုက်ညီမည့် သဘောကျသူများကို Tick လုပ်ကာ HR Department ကို Interview ခိုင်းသည်... 1st interview ကိုတော့ HR ကိုသာ ဦးဆောင်စေပြီး Top Level တွေဖြစ်သည့် y တို့က LCD မှတစ်ဆင့် အကဲဖြတ်သည်... 2nd interview မှ MD နှင့် ED ပါဝင်မည်ဖြစ်သည်...
1st interview ပြီး၍ တက်လာသော CV တွေကို y ပြန်စစ်နေသည်... y ကိုယ်တိုင် tick ပေးထားပြီး 1st interview ကိုလည်း recommend ပေးထားသည့် ကောင်လေး၏ CV ကို 2nd interview တွင် y မတွေ့မိ၍ စုံစမ်းရတော့သည်...
"အောင်ထက်ရေ... ကိုယ်တို့ recommend လုပ်ထားတဲ့ ရုပ်သန့်သန့်နဲ့ ကောင်လေးလေ... 1st interview တုန်းက company theme အတိုင်း ဝတ်လာတဲ့ ကောင်လေးလေ... သူ့ရဲ့ CV ပါမလာဘူးရော..."... ထိုကောင်လေး၏ CV Form ဖြည့်ထားသည့် 1st impression ရယ် interview သည့်နေ့တွင် company အရောင်အတိုင်း ဝတ်လာ၍ သတိထားမိခြင်းဖြစ်သည်...
"ကိုy တို့ Tick ပေးထားပေမယ့် HR ဂျာကြီးက မကြိုက်လို့ ပယ်လိုက်တယ်တဲ့... Driver လာလျှောက်တဲ့သူထဲမှာလည်း MD သဘောကျပေမယ့် ဂျာကြီးပယ်လိုက်တဲ့ လူရှိတယ် ကိုy..."... အောင်ထက်သည် y ရဲ့ assistant ဖြစ်သည်... အဝေးသင်ကျောင်းသားလေးဖြစ်သော်လည်း EQ ကောင်းကာ ကြိုးစား၍ Y က ခန့်ထားခြင်းဖြစ်သည်...
"Why အောင်ထက်... ကိုယ် CV ကို ကြည့်တော့ အဆင်ပြေမယ့် ပုံပဲလေ"... "ကိုy... ဒါလေးကို အရင်ကြည့်လိုက်..."... အောင်ထက် တင်ပေးလိုက်သည့် Ipad လေးမှာ ပေါ်လာသည့် ပုံရိပ်တွေကိုကြည့်ပြီး...
"အော်... ငါ့ လာနှောင့်တာပဲ... သူတို့ထက် ငါ ပိုနှောင့်တတ်တယ်ဆိုတာ ပြရမှာပေါ့... HR Department တစ်ခုလုံး မသေမရှင်ဖြစ်ကုန်မယ်... ဟားဟ... ဟဟ ပဲရမယ်..."... y ဒေါသတွေ အထွဋ်အထိပ်ရောက်သွားလေပြီ...
"အောင်ထက်ရေ... CEO ဆီ Email ပို့လိုက်... သူပြန်ပို့တဲ့ Mail ကို print ထုတ်ပေးထား... ကိုယ် MD နဲ့ သွားတွေ့ဦးမယ်"... CEO သည် ထွဋ်ဟိန်းမောင် ၏ ဖခင်ဖြစ်ကာ y အတွက် ယောက္ခထီး ဆိုလည်း မမှားပေ...