Tree 6 Unicode
134 14 0
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 6
By ခေတ်သျှန်လင်း@y
အချိန်ဘုရင်ကြီးက သီတင်းကျွတ်ချိန်ခါသမယကို ဆောင်ကျဉ်းပေးလာပြန်သည်... Branch အသစ်တွင် ခေတ်သျှန်လင်း @ y round check လုပ်ကာ လိုအပ်သည်များကို မှတ်သားနေသည်... Travelator လေးပေါ် ရပ်ကာလိုက်ပါလာရင်း 1st floor တွင် stock ကောက်နေသော ကိုလင်းသစ်နှင့် ဇေယျာမင်း ကို တွေ့သွား၍ သူတို့ရှိရာကို ဦးတည်လိုက်သည်... လှည်းကြီးတစ်စီးကို ဇေယျာမင်းက တွန်းလိုက်ရပ်လိုက် paper ထဲစာရင်းသွင်းလိုက်ဖြင့် အလုပ်ရှုပ်နေသည်... ဂျာကြီးက ဘောင်းဘီအိတ်ထဲ လက်နှစ်ဖက်ထည့်ကာ ဘေးမှလိုက်ပြီး စီမံနေသည်...
"မင်္ဂလာပါ ကိုခေတ်"... ဇေယျာမင်း က အရိုအသေပေးကာ နှုတ်ဆက်သည်... ဇေယျာမင်း သည်လည်း y ၏ လိုရင်းရောက်မှုကြောင့် spa boy မဟုတ်တော့ချေ... "ခေတ်... Morning"... ဂျာကြီးလင်းသစ် ကလည်းနှုတ်ဆက်သည်...
"ဇေယျာ... သီတင်းလည်း ကျွတ်ပြီ... ဘယ်တော့စားရမှာလဲ"... "ဟာ... ကိုခေတ်ရာ... ကျွန်တော် တစ်ယောက်တည်းတောင် မနည်းရှာနေရတာ ရည်းစားထားဖို့ တွေးရဲပါဘူးဗျာ"...
"အွန်း အွန်း... ဒါနဲ့ ဂျာကြီး လင်းသစ် နဲ့ရော အံ့ဝင်ပြီးဂွင်ကျရဲ့လား???"... y စကားကြောင့် ဇေယျာမင်း မျက်နှာလေး ရဲသွားကာ... "ကိုခေတ်... ဘာကို မေးတာလဲဟင်"...
"အော်... ဘာမှမဟုတ်ပါဘူး... ကိုလင်းသစ် က သူ crush နေတဲ့သူကို အိမ်လိုက်ပို့မယ်ဆိုပြီး MD ကိုပြောသွားတဲ့နေ့က ဂျာကြီးရဲ့ Land Cruiser ပေါ်ကနေ ညီဆင်းလာပြီး Pier9 ဆိုင်ထဲနှစ်ယောက်ဝင်လာလို့လေ... အဲ့နေ့က အကိုနဲ့ MD က အဲ့မှာ ညစာ စားနေတာ... အာ့ကြောင့် ဇေယျာမင်းနဲ့ ကိုလင်းသစ် ကို ချစ်သူတွေလို့ထင်သွားတာ... မဟုတ်ရင်လည်း sorry နော် ညီ..."...
"ကိုခေတ်... ကျွန်တော် stock တွေစစ်ရဦးမယ်"... ဇေယျာမင်း က အိုးတိုးအန်းတန်းဖြစ်ကာ ရှောင်ပြေးသွားသည်... အနောက်ဖက်ရောက်သွားသော ဇေယျာမင်း ကို y က လှမ်းခေါ်ပြီး... "ညီ... ဒီလှည်းကြီးကို ဂျာကြီး တွန်းခိုင်းရမလား"... "အာ... ကျွန်တော် မေ့ခဲ့ကာ"... ရှက်ကာထွက်ပြေးပြီး လှည်းကိုထားခဲ့၍ y က Drip ထပ်ချိတ်ပေးလိုက်သည်...