Day 2 Unicode
141 12 0
August 11
နိုင်ငံခြားခရီးစဉ်မှ ပြန်ရောက်လာသော သူရိန်လင်းထက် y အခန်းကို အပြေးလာကာ... "y ရယ်... အစ်ကို စိတ်မကောင်းဘူးကွာ... ကိုယ့်ရှေ့မှာတင် လက်ထပ်ခဲ့တဲ့ ကလေးလေးက... အချိန်မတန်သေးဘူးကွာ"...
"ဘယ်တတ်နိုင်မလဲ အစ်ကိုသူရိန်ရယ်... တွေ့ဆုံချိန်က ဒီလောက်ပဲပါလာတာကိုး... မနက်ဖြန် ရူ ကို ဖျော်ဖြေပေးမယ့် Orchestra လာလိမ့်မယ်... ကိုယ် နည်းနည်း ကူပေးဦးနော်... အပေါ်မှာ ဟိန်းနဲ့ ရူ ရှိတယ်... အနွေးထည်ဝတ်ပြီး ဝင်သွားလိုက်"...
ကိုလင်းသစ် ရောက်လာကာ “Y… ဂျာနယ်လစ်တွေကို တွေ့မှရမယ်ထင်တယ်… သူတို့ ရောက်နေပြီ... y ကိုယ်ရေးကိုယ်တာတွေကြောင့် ရောက်လာတာ... y ကို Air Angel Group ရဲ့ ပျောက်သွားတဲ့ သားကြီးမှန်း သိကုန်တယ်"... "Well... Meeting room ထဲလွှတ်လိုက် ကိုလင်းသစ်"...
Y ဘေးတွင် ကိုလင်းသစ်, ကိုသူရိန်နှင့် တာဝန်ရှိသူတွေ မတ်တပ်ရပ်နေသည်... y က media တွေရဲ့ မေးခွန်းကို မနားတမ်း ညက်ညောစွာ တုန့်ပြန့်လိုက်သည်...
“ရူပါလင်း လေးက လိင်တူချစ်သူလည်းဖြစ်သလို ကျနော့် ညီလေးလည်း ဖြစ်ပါတယ်... မြောက်မြားစွာသော အသက်တွေကို ကယ်တင်ရင်း ဆုံးပါးခဲ့ရပါတယ်... ကျနော်နဲ့ရူပါလင်း က Air Angel Group ရဲ့ မျိုးဆက်တွေပါ... ဝန်ကြီးရဲ့မြေး စစ်သံမှုးရဲ့သားတွေပါ... ရဲချုပ်နဲ့လည်း ရူပါလင်း က အမျိုးတော်စပ်ပါတယ်... ကျနော်ကလည်း ဆယ်စုနှစ် နှစ်စုစာပျောက်သွားတဲ့ ဦးသွင်ကျော်လင်း ရဲ့ သားအကြီးပါ… ဒါအမှန်တရားပါ… မြတ်စွာဘုရား၊ ဘုရားသခင်၊ အလာလ်၊ သျှီ၀ တို့က ဇာတ်လမ်းတွေကို စိတ်မဝင်စားပါဘူး… အမှန်တရားကိုပဲ စိတ်ဝင်စားတာပါ… ဇာတ်လမ်းတွေကို ဂျာနယ်တွေမှာ ချရေးစရာမလိုပါဘူး… ကာယကံရှင်တွေကိုယ်တိုင် အမှန်တရားကို သိပါတယ်… ကျန်တာက ကျနော့် ဆုံးဖြတ်ပိုင်ခွင့်ပါ လွတ်လပ်ခွင့်ပါ... ကျနော့်မှာ ရွေးချယ်ခွင့်ရှိပါတယ်... ဒီလောက်ပါပဲ..."... လိုရင်းတွေကို ဖွင့်ချလိုက်တော့သည်...
ညပိုင်းတွင် Y တစ်ယောက် ဟိန်း နဲ့ အတူ ရူ ဘေးတွင် အဖော်လုပ်ကာ တစ်ယောက်အကြောင်းတစ်ယောက် ရင်ဖွင့်ရင်း အိပ်လိုက်ကြသည်...
To Day 2