Tree 3
879 54 6
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 3
By ခေတ်သျှန်လင်း@y
ကံဆိုသည့် အရာကား လောကကြီး၏ Balance Theory နှင့်ဆက်စပ်နေမည်လို့ ယုံကြည်မိသည်... တစ်စုံတစ်ယောက်က မွေးနေ့မှာ မိသားစုက လက်ဆောင်ပေးသည့် ကမ္ဘာ့ထိပ်တန်းကားနှင့် ပျော်နေချိန် တစ်စုံတစ်ယောက်က မွေးနေ့ကို မိဘမဲ့ကျောင်းလေးတွင် မိဘကို ဆုံးရှုံးခဲ့ရသည့် ကလေးများနှင့် အချိန်ကုန်ဆုံးစေကာ တချို့မွေးနေ့ရှင်တွေကတော့ စားဝတ်နေရေးအတွက် ရုန်းကန်နေရသည်... လောကကြီးတွင် သူဌေးတွေချည်းရှိပါက သားငါးစားရဖို့ မလွယ်ကူ... သားငါးရောင်းသည်မှာ အကုသိုလ်ဖြစ်သည်လို့ ယူဆပြီး ဈေးသည်တွေမရှိတော့ပါက မြက်တွေသာနှုတ်စားရတော့မည်... မြက်တွေနှုတ်လို့ သဘာဝပတ်ဝန်းကျင်ကို အနည်းငယ် ဥပဒ်ဖြစ်စေသည်ဟုဆိုပါက... သေချာပါသည်... ဘာမှမရှိသည့် ဗလာနတ္ထိလောက ဗလာနတ္ထိလောက ဗလာနတ္ထိလောက ကြီးဖြစ်မှသာ ဆုံးခန်းတိုင်နိုင်မည်... အပြစ်ဆိုသည်မှာ ရှာမည်ဆိုပါက တွေ့နေဦးမည်သာ...
ရန်ကုန်-မန္တလေး အမြန်လမ်း ၉၉ မိုင် ၄ ဖာလုံအရောက်တွင် ကတ္တာလမ်းမပေါ်ရှိမြေနီလမ်းမပေါ်သို့ Cadillac Escalade FXT Double Cab တစ်စီး ဦးဆောင်ဝင်သွားသည်... Double Cab နောက်တွင်တော့ Mercedes Maybach က ခမ်းနားစွာ လိုက်ပါလာသည်... ကျဉ်းမြောင်း၍ မညီညာသော မြေနီလမ်းလေးကို အတန်ကြာ မောင်းဝင်လိုက်တော့ နန်းရွှေပြည် ပရဟိတ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ဆိုင်းဘုတ်ရှိရာကို ကားနှစ်စီး ဝင်လိုက်ကာ ရပ်လိုက်သည်...
Double Cab ပေါ်မှ ခဲရောင် Tee ကို ဂျင်းပန်အမည်းဖြင့် တွဲဝတ်ထားသော ယောကျာ်းငါးယောက်ဆင်းလာသည်... Mercedes Maybach ပေါ်မှ Tee အဖြူရောင်ကို ဂျင်းပန်အမည်းဖြင့်တွဲဝတ်ထားသော ထွဋ်ဟိန်းမောင်နှင့် မွေးနေ့ရှင် ခေတ်သျှန်လင်း တို့ဆင်းလာကြသည်... ကလေးတွေနဲ့ လွတ်လပ်ပေါ့ပါးစွာ တစ်သားတည်း လှုပ်ရှားချင်၍ ပေါ့ပါးသော Tee အဖြူလေးကို ဂျင်းပန်ပျော့ပျော့လေးဖြင့် ဝတ်လာခြင်းဖြစ်သည်... လှူမည့် ပစ္စည်းများကို ကူသယ်ပေးမည့် မောင့် ၏ Escort တွေကိုလည်း ဆင်တူ စီစဉ်ပေးထားသည်... ဘုန်းကြီးကျောင်းတွင် မြန်မာဝတ်စုံဖြင့် အလှူလုပ်မှ သင့်တော်သည်ဆိုသော အချက်ကို y လက်မခံ... လိုအပ်သည့် အလှူကို ပြီးမြောက်အောင် လုပ်ဖို့သာ အာရုံရှိသည်...