Tree 2.1 Unicode
225 12 0
Tree 2.1
"တချို့ အိမ်ထောင်ရှင်မတွေ စစ်တပ်ကတပ်သားတွေရဲ့ ဇနီးတွေဆို အိမ်စရိတ်လေးရအောင် အစာသွပ်လေးတွေ လုပ်ရောင်းကြတယ်... Augustine ကျောင်းရှေ့မှာဆိုလည်း ရှိတယ်... သူဌေးတွေကလည်း ထူးဆန်းလို့ စားကြသလို သာမာန်လူတွေကလည်း ရည်ရွယ်ချက်မျိုးစုံနဲ့ စားကြ ရောင်းကြတယ်လေ... Ocean မှာတောင်ရောင်းတယ်လေအခု..."
ကြော်ပြီးသား ပဲပြားတွေ ငါးဖယ်တွေကို ဆီစစ်ပြီး ခုံပေါ်တွင်တင်လိုက်သည်... ငရုပ်သီးစိမ်းလေးတွေကို ပါးပါးလေးလှီးနေသော y လက်ချောင်းလေးတွေကို ရူပါ မြင်လိုက်ပြီး... "ကိုY က လက်ချောင်းလေးတွေရော လက်သည်းလေးတွေရော လှတယ်နော်... လက်သည်းရောင်လေးတွေက ပန်းနုရောင်လေးတွေ... ပြီးတော့ ကြည်နေတာပဲ"...
"ကိုy ခုလို သဘာဝအတိုင်းပြန်ဖြစ်အောင် ဒုတိယနှစ်မှာ လက်သည်းတွေခွာပစ်လိုက်ရတယ်လေ... ငယ်ငယ်က ကြုံသလို ထမင်းဖိုးရှာရတယ်... လက်ဖက်တွေနယ် ပိတ်စကိုဆိုးဆေးတွေနယ်တော့ လက်သည်းတွေဆို နူသလိုဖြစ်ပြီး တွန့်နေတာ... လူကြားထဲမှာ လက်ကိုဖွက်ထားရတယ်လေ... အဆင်ပြေလာတော့ 2nd yr မှာ ဒေါက်တာနဲ့ တိုင်ပင်ပြီး ဆယ်ချောင်းလုံးခွာလိုက်တာ... ငရဲပဲ ရူပါရေ အဲ့အချိန်က... အခုတော့ ရူပါ ချီးမွမ်းရတဲ့ လက်သည်းတွေဖြစ်နေပြီ"...
ပါးစပ်ကလည်းပြောနေရင်း ဂေါ်ဖီဇလုံထဲ ရသာမှုန့်လေးထည့် ငရုပ်သီးစိမ်းလေးထည့် သံပုရာရည်လေး ညှစ်လိုက်ပြီး သမအောင်နယ်လိုက်သည်... ရူပါ ကတော့ ပဲပြားနဲ့ ငါးဖယ်ကို အစာသွပ်နိုင်ရန် ကပ်ကြေးလေးဖြင့် ခွဲကြောင်းလေးတွေဖော်ကာ...
"ရူသာဆို ကိုy လို ရှင်သန်ဖို့ သတ္တိရှိမှာ မဟုတ်ဘူး... စိုးယုပြောပြလို့ ကိုy ဘယ်လိုရုန်းကန်ခဲ့ရလဲ ရူ သိတယ်... ကိုy လို ရူ မရှင်သန်နိုင်လောက်ဘူး..."...
"ရူရဲ့... လူတွေက ခက်ခဲကြပ်တည်းလာပြီဆို survival ဆိုတဲ့ မွေးရာပါ အသိကပေါ်လာတယ်... စိတ်သာရှိရင် ထမင်းမငတ်အောင် ရုန်းကန်ရှင်သန်တတ်ကြတယ်... ဖမ်းခံလိုက်ရတဲ့ ငါးတစ်ကောင် ဇွဲရှိရှိနဲ့ ကူးခတ်နေသလိုပေါ့... ကိုy လည်း ငါရှင်သန်ရမယ်ဆိုတဲ့ စိတ်နဲ့ ရိုးရိုးသားသား ထမင်းရှာစားခဲ့တယ်လေ... မခိုးဘူး မလိမ်ဘူး... အဲ့အတွက် ဘာလုပ်ရလုပ်ရမရှက်ဘူး... ဈေးထဲက စာအုပ်အငှားဆိုင်မှာ ဆိုင်ထိုင်ပေးတယ်... ဆိုင်က စာအုပ်တွေဖတ်ပြီးလေ့လာတယ်... စက်ဘီးတစ်စီးနဲ့ ဘောလုံးတွေ တံမြက်စည်းတွေ လိုက်ပို့တယ်... လက်ဖက်နယ်တယ်... ပိတ်စတွေဆေးဆိုးတယ်... အထည်ဆိုင်မှာ အကူထိုင်တယ်... ထမင်းနှစ်နပ်စာနဲ့ ကျောင်းစရိတ်လေးရအောင် ရှာရတာပေါ့ ရူပါရယ်"...