Day 4 Unicode
135 13 0
August 13
ရူ ကို သဂြိုလ်ရမည့်နေ့…
ရူ နောက်ဆုံးရွေးပေးခဲ့သည့် အဖြူရောင်ရှပ်လေးကို ဟိန်း မြတ်နိုးလွမ်းဆွတ်စွာ ဝတ်ဆင်လိုက်သည်... မာနတမာန်တော် y ကတော့ အဖြူရောင်အကျႌလေး၏ လက်မောင်းနေရာတွင် ခရမ်းရောင်ဖဲကြိုးလေးကို ချည်ကာ ဝတ်ဆင်လိုက်သည်... သံလွင်လမ်းရှိ ရူ နားစက်ရာ အိမ်ဂေဟာလေးသည် အဖြူရောင်နန်းတော်ကြီးဖြစ်နေပြီ...
"သားရူ... မေမေတို့ သားရူလေးကို လက်လွှတ်ရတော့မယ်နော်... သားရူလေး အနားယူတော့နော်"... "ဒယ်ဒီ့ကို ဘဝအဆက်ဆက် ခွင့်မလွှတ်ပါနဲ့ သားငယ်"... "သားလေးရူ... မေမေတို့ သားလေးကို သမက်အဖြစ်လက်ခံတယ်နော်..."... "သားလေးရူ... par က သားကို သားအရင်းလို လက်ခံပါတယ် သား... သားလေးရူ အိပ်စက်တော့နော်"...
“ရူ... မောင်တို့ ဘဝအဆက်ဆက် ဆုံဆည်းချင်ပါတယ် ရူ… ရူ ကို မောင် ချစ်ပါတယ်... မောင် ချစ်ပါတယ် ရူ..."... ရူ နှုတ်ခမ်းလေးကို ဟိန်း နမ်းလိုက်သည်...
ရူ ကို နာရေးကူညီမှု အသင်းမှ တာဝန်ရှိသူများက အဖြူရောင်သေတ္တာလေးထဲသို့ ထည့်နေပြီ… ပန်းနတ်ဘုရားတွေထက် ရူ က ပိုတောက်ပကာ လှပနေသည်... Lily အဖြူရောင် ပန်းပွင့်လေးကို y ယူကာ ရူ ရင်ဘတ်ပေါ် တင်ပေးလိုက်သည်... တုန်ယင်နေသည်ကို မာန်တင်းကာ... "ပန်းပေးရင် အလှမ်းဝေးတယ်တဲ့ ညီညီရယ်... ကိုကို ကတော့ ညီညီ နဲ့ ဘဝအဆက်ဆက် ရေစက်ဆုံချင်ပါတယ်... ကိုကို ပေးတဲ့ပန်းပွင့်လေးက ညီညီ့အတွက် ချစ်မေတ္တာတွေပါ ညီညီ... ညီညီ အိပ်စက်တော့နော်"... အေးစက်နေသော y လက်ဖျားလေးတွေကို ထွဋ်ဟိန်း က ဆုပ်ကိုင်ထားသည်...
ရူ ကို အဖြူရောင်ပန်းတွေ ခြံရံထားသော အဖြူရောင် Escalade ပေါ်တင်လိုက်သည်... ဟိန်း က Escalade ပေါ်တက်ကာ ရူ သေတ္တာလေးကို ဖက်ထားလိုက်သည်... ကျော်စွာနှင့် Alex တို့ကလည်း ဟိန်း နှင့်အတူလိုက်သွားသည်...
“ရူ... ရူ ဘေး မောင် ရှိနေတယ်နော်… ရူ က ပူတာ မကြိုက်ပေမယ့် မိနစ်ပိုင်းလေး ခဏသည်းခံလိုက်နော်... နောက်နှစ်ရက်ဆို ကိုကိုတို့နဲ့ အတူ Canada Quebec ကို လိုက်ပို့ပေးမယ်နော်… ရူ ကို ချစ်တယ်”