Tree 5 Unicode
165 17 0
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 5
By ခေတ်သျှန်လင်း@y
Dragon Group ၏ ခမ်းနားသော ဆင်ဝင်အောက်တွင် Alphard Executive Lounge အမည်းရောင်ကြီး ဆိုက်ရောက်လာသည်... Executive Lounge ပေါ်မှ MD ထွဋ်ဟိန်းနှင့် ED y တို့ ဆင်းလာကြသည်... ကတ္တီပါ  ကော်ဇောအစိမ်းရောင်ကို လျှောက်လှမ်းတစ်ခုအဖြစ် ဖန်တီးကာ ကန့်သတ်ဧရိယာ ပြုလုပ်ထားသည်... ထွဋ်ဟိန်းနှင့် y က ကော်ဇောပေါ်မှ မလျှောက်ဘဲ ပုံမှန်ဘေးမှလျှောက်ကာ ကိုယ်စီရုံးခန်းများကို ဝင်ရောက်သွား၍ လူအများက မေးခွန်းထုတ်နေကြသည်... ကော်ဇော အစိမ်းရောင်သည် Executive Director ခေတ်သျှန်လင်း ၏ ရုံးခန်းရှေ့တွင် အဆုံးသတ်သွားသည်...
မနက်ဆယ်နာရီတွင် Dragon Group ဆင်ဝင်အောက်တွင် Mark II Blit အမည်းရောင်လေး ဆိုက်ရောက်လာသည်... ED y ၏ အချစ်ရဆုံးသော ကားဖြစ်၍ ဧည့်ကြိုတွေ လုံခြုံရေးတံခါးလာဖွင့်ပေးသည်... အသင့်ဖွင့်ထားသော နောက်ခန်းတံခါးမှနေ၍ y ၏ Assistant အောင်ထက်နှင့် လူငယ်တစ်ဦးဆင်းလာ၍ အနည်းငယ် ကြောင်သွားကြသည်... Mark II Blit ၏ ကားတန်ဖိုးသည် မကြီးမားသော်လည်း ထိုကားတံခါးကို ကြမ်းတမ်းစွာပိတ်မိပါက မိုးမီးလောင်မတက်ဖြစ်သည်အထိ အရေးကြီးလှ၍ ထိုကားနှင့်ခေါ်ရလောက်သော လူငယ်ကိုလည်း ဝန်ထမ်းတွေက စပ်စုချင်နေမိသည်... မှန်ကန်ရိုးဖြောင့်ပြီး လူတိုင်းကို စေတနာဖြင့် ဆက်ဆံသော ED ခေတ်သျှန်လင်း သည် Mark II Blit နှင့်ပတ်သက်ပါက နဂါးတစ်ကောင်ပမာ ဒေါသ ဖြစ်လွန်း၍ Blit ကိုမြင်ပါက တပ်စွဲရတော့သည်...
(Y ဘဝရဲ့ ပထမဦးသော ကားလေးက y သွေးချွေးတွေနဲ့ စုပြီးဝယ်ထားသည့် Mark II Blit လေးဖြစ်ပါတယ်, y အောင်မြင်မှုတွေ ဝမ်းနည်းမှုတွေကို Blit လေးဖြင့်ဖြတ်ကျော်ခဲ့တယ်, မောင် နှင့် တရားဝင်မပတ်သက်ခင်ချိန်တွင် y ရဲ့ အထီးကျန်မှုတွေ ရုန်းကန်မှုတွေ ကူးခတ်မှုတွေကြောင့် ဝမ်းနည်းသည့်အခါတိုင်း Blit လေးရဲ့ ထိုင်ခုံလေးကို ဖက်ပြီး ရင်ဖွင့်ငိုမိတယ်, သက်ရှိတစ်ယောက်လို y သတ်မှတ်ပြီးရင်ဖွင့်တယ်, Blit လေးကပဲ တစ်ကောင်ကြွက် y အတွက် အဖော်မွန်ဖြစ်ပေးခဲ့တယ်, y မှတ်မိသေးတယ်, y Blit ဝယ်တဲ့နေ့က မောင် y ကို ချစ်ရေးဆိုတာ ငါးနှစ်ပြည့်သည့်နေ့လေး, လောကမှာ y အတွက် အရေးပါဆုံးကို ပြပါဆို မောင် နှင့် Blit လေးကို ပြရမယ်)