Tree 6.3
490 40 7
Part 6.3
"ဟန်နေ့ အတွက်မလိုအပ်ဘူး မောင်... ပြီးသွားပြီ... မောင့် ရဲ့အားထုတ်မှုကို ကျေးဇူးတင်တယ် ဟန်နေ က ဘယ်လိုအသိုင်းအဝိုင်းကလဲဆိုတာ သိရလို့... ကျန်တာ ဘာမှမထူးခြားသွားဘူး... ၂၆နှစ်တာကာလမှာ နှစ်၂၀ က မိဘမရှိဘဲ ဖြတ်သန်းခဲ့ရလို့ အခုချိန်မှာ မိဘကိုလည်း မလိုအပ်တော့ဘူး မောင်..."...
"ဟန်နေ စိတ်လျှော့ပါ... မိဘတွေဖက်ကို ပြန်ကြည့်ဦးလေ ဟန်နေ... ဟန်နေ က သူတို့ကို မလိုအပ်ပေမယ့် သူတို့ကတော့ သူတို့သွေးသားကို မျှော်လင့်နေမှာပဲလေ ဟန်နေ"...
"ဟား... သားတစ်ယောက် ပြုတ်ကျသွားတာတောင် ချက်ချင်းဒိုင်ဗင်မပစ်တဲ့ လူသား... ဒိတ်ဒိတ်ကြဲ ချမ်းသာပြီး သားတစ်ယောက်လုံးကို ဇွဲရှိရှိနဲ့ မရှာနိုင်တာက မိဘတဲ့လား... ဆင်းရဲလို့ မရှာနိုင်ဘဲ လက်လျှော့ရတယ်ဆို ဟန်နေ လက်ခံမယ်... ခုဟာက မြန်မာပြည်ထိပ်တန်းကဖြစ်ပြီး ရာထူးတစ်ခုကြောင့် သားကို လက်လွှတ်လိုက်တာလေ..."...
"ဟန်နေ... ဘာပဲဖြစ်ဖြစ် မိဘကမိဘပဲလေ ဟန်နေ... မောင် ကတော့..."...
y ဒေါသအရှိန်တွေ မြင့်တက်ကာ... "ဒီမှာ ကိုထွဋ်ဟိန်းမောင်... မိဘကမိဘပဲလေ ဆိုတာ ခေတ်သျှန်လင်း ရာဇဝင်မှာ မရှိဘူး... ခင်ဗျားချစ်ခဲ့တာ ခင်ဗျားကားကြောင့် ဗွက်စင်ခဲ့ရတဲ့ ၇တန်းကျောင်းသားလေး ခေတ်သျှန်လင်း ပဲ... ခေတ်သျှန်လင်း မှာ မိဘဆိုတာမရှိဘူး... y က မိဘရှိတဲ့ ခေတ်သွင်လင်း မဟုတ်ဘူး ထွဋ်ဟိန်းမောင်... y က မိဘမဲ့ ခေတ်သျှန်လင်း ပဲ... ခင်ဗျား လက်မခံနိုင်ရင် ကွာရှင်းလိုက်ပါ... ခေတ်သွင်လင်း မှာ မိဘရှိပေမယ့် ခု ခေတ်သျှန်လင်း မှာ မိဘမရှိဘူး"...
"ဟန်နေ... ဟန်နေ ပြန်မှတ်မိနေတယ်"...
"ပါးပါးလေးပြန်မှတ်မိတာပါ ဟိုတစ်ခါ accident ကြောင့်... ဘာမှထူးခြားမှာ မဟုတ်လို့ ငြိမ်နေတာ... ဦးသွင်ကျော်လင်း ဆိုတာတော့ ခင်ဗျား စပ်ဆော့ပေးလို့ သိရတာ... Thank you"... အခေါ်အဝေါ်တွေ ပြင်းထန်လာခဲ့သည်...
"ဟန် နေ... မောင် က ဟန်နေ မိဘမဲ့ဆိုတာကို လက်မခံနိုင်တာ မဟုတ်ဘူး... မရောပစ်နဲ့ ဟန်နေ... မောင် က ဟန်နေ့ ကို ငရဲမကြီးစေချင်လို့... မခက်ထန်စေချင်လို့... မောင် ချစ်ခဲ့တာ ခေတ်သျှန်လင်း ဖြစ်လို့ ခေတ်သျှန်လင်း ဘာဖြစ်ဖြစ် မောင် လက်ခံတယ်... အခုဟာက မိဘ ကွ"...