Day 1 Unicode
157 11 0
August 10
မနက်မိုးလင်းတော့ အိပ်မက်ကလေးသာ အဖော်အဖြစ်ကျန်ခဲ့သည်... ဟိန်း နည်းတူ y လည်း အိပ်မပျော်ခဲ့...
ဟိန်း ဘေးတွင် ရူ မရှိတော့ပါ… "ရူ... ရူ... ငါ စိတ်ကို ပစ္စုပ္ပန်မှာထားရမှာပဲ"... ဟိန်း ရေချိုးပြီး အဖြူရောင်လေး ဝတ်ကာ ရူ အခန်းလေးကို သွားလိုက်သည်... အခန်းထဲက အငွေ့တွေက အပြင်ကိုတိုးထွက်နေသည်... ဟိန်း တံခါးဖွင့် လိုက်တော့ အဖြူဝမ်းဆက်ဖြင့် y ကို ကြည့်ကာ လူမှားသွားပြီး ပြေးဝင်လိုက်သည်...
"ရူ... ဘယ်လိုဖြစ်ပြီး ခုတင်ပေါ်မှာအိပ်နေတာရော ဘေးမှာ မတ်တပ်ရပ်နေတာရော ရူ ဖြစ်နေရတာလဲ"... ဟိန်း အနားကို ဖြေညင်းစွာသွားလိုက်တော့...
အဖြူရောင် ဝမ်းဆက်ဝတ်ထားသော Y က ရူ ကို Wet tissue လေးဖြင့် မျက်နှာသစ်ပေးနေသည်… အေးခဲသွားသော ပန်းတစ်ချို့ကို အဖြူရောင်တွေ ဝတ်ထားသော လူတစ်ချို့က ပန်းအသစ်များလဲလှယ်ပေးနေသည်... ဟိန်း သတိပြန်ဆွဲကပ်ကာ... "morning ကိုy... အစ်ကိုလည်း အနားယူဦးနော်... ညီတို့မှာ အားကိုးစရာ ကိုy ပဲရှိတာ..."...
Y လည်း ရူ အပါအဝင် အားလုံးအတွက် မနက်စာ နေ့လည်စာ စီစဉ်ပေးကာ ရူ ဈာပနအတွက် အစည်းအဝေးလုပ်လိုက်သည်... Escort တွေ တာဝန်ရှိသူတွေနှင့်အတူ ကိုလင်းသစ်တို့ကလည်း အားဖြည့်ကူညီပေးသည်...
"ရူ ကို Cadillac Escalade အဖြူရောင် နဲ့ တင်ပါမယ်... ရေဝေးက VIP 1 ကို ရူ အတွက် ရဲချူပ်က စီစဉ်ပေးထားတယ်... ရူ ကို အိမ်ကထွက်တည်းက ပိတ်လိုက်တော့မယ်… ရူ ကို လူတွေကြည့်ပြီး တစ်ယောက်တစ်ပေါက်ဖြစ်မှာ Y မလိုလားဘူး… သရဏဂုံတင်ပြီး ရူ ကို မီးသဂြိုလ်မယ်… အရိုးပြာကို ရက်လည်ပြီး နောက်ရက် Canada က Quebec မှာ မြှပ်မယ်… ကနေဒါ အာဏာပိုင်ဆီကလည်း Authority ရပြီးပြီ… ရူ အရိုးပြာသယ်ဖို့ Air Angel Airlines က ကူညီပေးလိမ့်မယ်”
ဟိန်း က တောင်းဆိုလိုက်သည်... "ကိုy... ရူ ကို ညီ တစ်ယောက်တည်း မထားရက်ဘူး… ရူ နောက်ဆုံးခရီးအတွက် ရူ ဘေးမှာ ရှိပေးနိုင်တာ နောက်ဆုံးပဲလေ… ညီ့ကို ရူ ကို သယ်မယ့် ကားနဲ့ပဲ လိုက်ခွင့်ပေးပါ... ညီ တို့ ပင်ပင်ပန်းပန်း နှစ်ယောက်တည်းကမ္ဘာကို လက်တွဲမဖြုတ်ဘဲ တည်ဆောက်လာတာပါ... နောက်ဆုံး နေပေးလို့ရတဲ့အထိ ညီ နေချင်ပါတယ်..."