Tree 1
6K 171 63
Zawgyi
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 1
By ခေတ်သျှန်လင်း@y
ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ထား၍ LGBT စာရေးသူ အနုပညာရှင်များ, စာဖတ်သူ LGBT မိသားစုဝင်များ, LGBT supporting မိသားစုဝင်များကို ကျွန်တော် ခေတ်သျှန်လင်း မှ ဂါရဝပြုလိုက်ပါတယ်... အလိုပြည့်သော ချစ်ခြင်းမေတ္တာတွေ ရရှိပိုင်ဆိုင်ကြပါစေ...
The Art Begins...
မြောက်ဒဂုံမြို့နယ် (၃၆) ရပ်ကွက်ရှိ သုံးထပ်တိုက်အဖြူရောင်လေးသည် ခြံထဲရှိ မြက်ခင်းစိမ်းလေးတွေနဲ့ လိုက်ဖက်ညီလှသည်... ရေကန်လေးတစ်ခုကလည်း secret garden လေးနဲ့အတူ အိမ်ဆိုသည့် အနှစ်သာရကို ပြည့်စုံစေသည်... ခြံထဲတွင် ကားအကောင်းစား ခြောက်စီးရပ်ထားသည်... ကားနှင့်အိမ်ကို ကြည့်ခြင်းအားဖြင့် အိမ်ထဲရှိ မိသားစု၏ living standard ကို မှန်းဆလို့ရပါသည်... Trading လုပ်ငန်းနှင့် Air way တို့ဖြင့် စီးပွားရေးလောကတွင် နေရာတစ်နေရာရထားသော Group မိသားစု...
ခြံထဲတွင် စွပ်ကျယ်အဖြူ ဘောင်းဘီပေါင်တိုလေး ဝတ်ထားသော ကောင်လေးတစ်ယောက် ဆပ်ပြာရည်ပုံးလေးကိုင်ကာ အလုပ်ရှုပ်နေသည်... ကောင်လေး၏ အသားအရေမှာ ဖွေးဥနေပြီး ပထမနှစ်တက္ကသိုလ်ကျောင်းသားလေးဟု မထင်ရလေအောင် နုနယ်လှသည်... ဆံပင်အနက်ရောင် အုပ်ပွပွလေးအောက်မှ အနောက်တိုင်းမျက်နှာကျ မျက်နှာပြင်လေးသည် ရှင်းသန့်နေသည်... ညီညာသော မျက်ခုံးမွေးအောက်တွင် ယောကျာ်းလေးဖြစ်လင့်ကစား ရှည်လျားနေသော မျက်တောင်လေးတွေ ဝိုင်းစက်နေသော မျက်လုံးလေးတွေကြောင့် ပန်းပုရုပ်လေးလို... ပါးလျသော ပန်းနုရောင် နှုတ်ခမ်းသားလေးက ရွှန်းဆိုပြီး ရေဓာတ်ပြည့်ဝနေသည်... သူသည်ကား အလှနတ်ဘုရားရဲ့ တမာန်တော်လို့ တင်စားခေါ်ရလောက်သည့် "ရူပါလင်း"... လောကဒဏ် ကို မခံစားဘူးသေးသော လူသားတစ်ဦး...
ရူပါလင်းတစ်ယောက် ဆပ်ပြာပုံးထဲ အဝတ်နှစ်လိုက်ပြီး Mark II Blit ပုလဲဖြူရောင်လေးကို သန့်ရှင်းနေသည်... လူအများက နိဗ္ဗာန်ယာဉ်နဲ့ တူတဲ့ကားလို့ပြောကြပေမယ့် မရမက ဒယ်ဒီနဲ့ ဖိုးဖိုးကို မဝယ်ပေးလျှင် သတ်သေမည်ဟု ပလီပလာတိုက် ပူဆာထားသောကားလေး... အဖြူရောင်ဆိုပေမယ့် ပုလဲဖောက်ထား၍ ရူပါ အသားအရေလေးတွေလို ဝင်းဥနေသည်... လူငယ်တစ်ဦးပိုင်သော ကားလေးဖြစ်သော်ငြား တည်ငြိမ်သည့် အပြင်အဆင်နဲ့သာ ရူပါက ဆင်ယင်ထားသည်...