Tree 2
1.4K 67 8
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 2
By ခေတ်သျှန်လင်း@y
ကျေးဇူးရှင် ခင်ပွန်းကြီးဆယ်ပါးကို ဦးထိပ်ထား၍ LGBT စာရေးသူ အနုပညာရှင်များ, စာဖတ်သူ LGBT မိသားစုဝင်များ, LGBT supporting မိသားစုဝင်များကို ကျွန်တော် ခေတ်သျှန်လင်း မှ ဂါရဝပြုလိုက်ပါတယ်... အလိုပြည့်သော ချစ်ခြင်းမေတ္တာတွေ ရရှိပိုင်ဆိုင်ကြပါစေ...
A Thousand Angel whisper Love to you...
Celsior လေးပေါ်မှာတော့ အချစ်တစ်ခုအတွက် တိုက်ပွဲဝင်ကြမည့် အာကာဝေယံဟိန်း နဲ့ ရူပါလင်း...
ချစ်ရည်ရွှန်းတဲ့ မျက်လုံးတွေနဲ့ ဟိန်း က ..."ရူ... ရူ လက်လေးကို ကိုယ့်ကို ကိုင်ခွင့်ပေးပါ..."... ရူ မျက်လုံးလေး၏ အဖြေကြောင့် Celsior လေး၏ ဂီယာတံနားတွင် မြဲမြံသော လက်တစ်စုံ... ရူ ဟိန်း ကို ချစ်ရသည်မှာ ဤ ကဲ့သို့ ယောကျာ်းပီသပြီး အခွင့်အရေးမယူတ်သောကြောင့်လည်း ဖြစ်သည်... အဖြေရပြီဆိုပြီး အခွင့်အရေးမယူ... လက်ကိုင်ဖို့ကိုပင် ခွင့်တောင်းနေပါသည်... ရူ ချစ်သည်... ဟိန်း ကို ရူ ချစ်သည်...
ချစ်ရသူ၏ လက်လေးကို ကိုင်ထားရသည်မှာ မည်သည့်အရာနှင့်မျှ မလဲနိုင်... ဟိန်း ပျော်တာထက်ပိုသည်... ချစ်ရသူလေးမှာ အလှနတ်ဘုရားရဲ့တမာန်တော်ဖြစ်ပြီး မျက်လုံးလှလှလေးဖြင့် စကားပြောတတ်သူလေး... မိမိရဲ့အချစ်တွေကို တန်ဖိုးထားတုန့်ပြန့်လိုက်ပုံက ဟိန်း ၏ ဆံခြည်မျှင် သွေးလွှတ်ကြောတွေထဲ သွေးသားသစ်တွေ စီးဆင်းသွားသလို...
Celsior လေးသည် ရူ ၏ အိမ်ရှေ့တွင်ရပ်သွားသည်... "ရူ... ကိုယ့် အချစ်တွေကို လက်ခံ တုန့်ပြန်ပေးလို့ ကျေးဇူးတင်ပါတယ်... ရူ ကို ဖက်ထားချင်သေးတာ"... ရူ က ပြုံး၍... "ကိုဟိန်း... ချစ်ရမယ့်ရက်တွေက မကုန်ဆုံးပါဘူး... မိုင်တစ်ထောင်ခရီးကို ပထမခြေလှမ်းနဲ့ စရတယ်လေ... ရူတို့ ခြေလှမ်းတစ်လှမ်းချပြီးပြီ... နောက်ထပ် ၉၉၉ လှမ်းအတွက် ရူနဲ့ ကိုဟိန်း နောက်ရက်တွေ သေချာတိုင်ပင်မယ်နော်... တာ့တာ... ချစ်တယ်"...
ရူ အိမ်ထဲ ဝင်သွားသည်ကို ဟိန်း စောင့်ကြည့်နေပြီးမှ ကားလေးမောင်းထွက်လာလိုက်သည်...