Tree 7
536 44 3
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 7
By ခေတ်သျှန်လင်း@y
အစ်ကိုအရင်းက ရူ အားကျတဲ့ idol လည်းဖြစ်နေ၍ ရူ အပြုံးတွေ ဝေဆာနေသည်... အသက်၂၀ကျော်မှ ပြန်လည်ဆုံဆည်းရသည့် အစ်ကိုက မြန်မာပြည်ထိပ်တန်းအသိုင်းအဝိုင်းတွင် ကိုယ်ပိုင်အစွမ်းအစဖြင့် ရပ်တည်နေနိုင်၍ ရူ ဂုဏ်ယူရသည်... ငါ့အစ်ကို ထွဋ်ဟိန်းမောင်နှင့် y ကွ ဟု စိတ်ထဲကြိတ်ပြီး မြောက်တက်ကာ Maybach ခေါင်မိုးနှင့် ခေါင်း မိတ်ဆက်တော့သည်...
"ရူ ရယ်... တစ်လမ်းလုံး ပြုံးနေတာ... အခု ဘယ်လိုဖြစ်ပြီး ထခုန်ရတာတုန်း ကားပေါ်ကြီးမှာ... ကိုy Maybach လေးနာသွားရင် ရူ တော့ သေပြီပဲ"...
ဟိန်း စကားကို ကားမောင်းနေသည့် ကိုမြတ်သူ က ဝင်ထောက်ခံသည်... "ဟုတ်တယ် ညီလေးရေ... ခေတ် က ကျန်တာ သူခွင့်လွှတ်တယ်... သူ့ကားတွေကို ကြမ်းတမ်းလို့ကတော့ အဲ့နေ့ company မှာ ကမ္ဘာပျက်ပြီပဲ... အဆိုးဆုံးက Blit ပဲ... Blit တံခါးကို ပိတ်တာကြမ်းပြီဆို ကိုထွဋ်ဟိန်း ကိုတောင် ခွင့်မလွှတ်ဘူး..."...
"မောင် ရ... ရူ က ပျော်လွန်းလို့... ရူ ကိုကို က ရူ နားမှာရှိခဲ့ပြီး အားကျခဲ့ရတဲ့ ကိုy လေ... ရူ မှာ ချွဲရမယ့်လူတွေ တိုးပြီ... ပျော်လိုက်တာ..."...
"အေး... ကိုသူရိန် ကိုတော့ သွားမချွဲနဲ့... ဟိုက အုပ်ပြီးစားလိုက်လိမ့်မယ်"... "ဟီး... ကိုသူရိန်ကြီး က ရယ်ရတယ်... သနားဖို့လည်း ကောင်းတယ်... ကိုy ကို သူ့မှာ ရူးနေရှာတာ..."...
Maybach ကြီးပေါ်တွင် ပြုံးပျော်နေသည့် ရူ ကို ကြည့်ပြီး ဟိန်း အားအင်တွေပြည့်ရသည်... ရူ အတွက် ကိုy အကောင်းဆုံး ဖန်တီးပေးနိုင်မည်ဖြစ်၍လည်း ဟိန်း ရင်ထဲအလုံးကြီးကျရသည်... မိမိ မအောင်မြင်သေးခင် ယူသင့်သည့် အကူအညီကိုတော့ ယူရမည်လေ...
ဟိန်း ရူ လက်လေးကို ဆုပ်ကိုင်လိုက်ကာ... "ရူ... မောင် တို့ကို ကိုထွဋ်ဟိန်း ပေးတဲ့ မုန့်ဖိုးကို ဖိုးနဲ့ဖွားဆီ သွားလှူချင်တယ် ရူ..."... "ဟုတ်တယ် မောင်... ရူ လည်း ဆန္ဒ ရှိတာ... မောင် ဦးသွားတာ... ရူနဲ့မောင် တို့ တစ်ယောက်တစ်ဝက် သိန်းတစ်ရာလှူလိုက်မယ်လေ..."...
"ဖိုးနဲ့ဖွားက မောင် တို့ရဲ့ ကျေးဇူးရှင်လေ... ဖိုးနဲ့ဖွားကြောင့် အိမ်ပိုင်ရာပိုင်ရှိတာ... မဟုတ်ရင် အိမ်ငှားနေပြီး မျက်နှာငယ်နေရမှာ... ဒီလိုလုပ်မယ် ရူ... မောင်နဲ့ရူ ဖားအောက်တောရသွားပြီး ကန်တော့ရအောင်... ကိုy တို့ကိုလည်း ခေါ်ကြည့်လိုက်လေ... ရူနဲ့ကိုy လည်း ပထမဆုံးခရီးအတူတူ ထွက်ဖြစ်သွားတာပေါ့"... ဟိန်း က ရူ ကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်... ရူ လည်း ချစ်သော မောင် ၏ ရင်ခွင်ထဲတွင် ပြန်ဆုံသည့် တနင်္ဂနွေနေ့လေးကို ကြည်နူးရင်း...