Tree 5.3
561 47 6
Part 5.3
ဆိုက်ကားဆရာတွေက... "ဒီလမ်းက ဝင်သွား... စေတီလေးတွေ့ရင် ဘယ်ကွေ့လိုက်... ပထမဆုံးတွေ့တဲ့လမ်းက အောင်ဇေယျလမ်းပဲ... မင်းကားကကြီးတော့ ဂရုစိုက်... လမ်းကကျဉ်းတယ်"...
Y လည်း Vellfire ကြီးကို အရဲစွန့်ကာ မြို့ပတ်လမ်းကို ကွေ့ဝင်လိုက်သည်... လမ်းပုခုံးမရှိသော ကွန်ကရစ်လမ်းတွင် Vellfire က နေရာအပြည့်ယူသွားသည်... မျက်နှာချင်းဆိုင် ကားလာပါက ရှောင်စရာ မရှိ... လမ်းလျှောက်လာသည့် လူတွေပင် ဘေးရှိ ခြံတွေနား ကပ်ကာရှောင်ပေးရသည်...
"ငါဆိုသည်မှာလည်း ခဲရာခဲဆစ်ကို လုပ်လိုက်ရမှ... အားတော့နာပါတယ်ကွယ်... ကားကကြီးနေလို့ သည်းခံပေးပါ"... y လည်း Round mirror အားကိုးဖြင့် ဂရုစိုက်ကာ မောင်းဝင်လာရသည်... လမ်းတစ်ဝက်ရောက်တော့ စက်ဘီးလေးတစ်စီး y ဆီရွေ့လာသည်... ဦးထုပ်လေးငိုက်ကာဆောင်းထားပြီး လက်ရှည်အင်္ကျီလေးဝတ်ထားသည့် စက်ဘီးနင်းသူကောင်လေးနောက်တွင် ကော်ပုံးကြီးကိုလည်း y မြင်လိုက်သည်...
"Oh... အဲ့စက်ဘီးက အနောက်က weight ပါတော့ ငါ့ကို သူရှောင်ဖို့မလွယ်လောက်ဘူး... လှပြီ... အဲ... စက်ဘီးနင်းနေတဲ့ ပုံစံက ငါ ငယ်ငယ်က ဘောလုံးတွေချိတ်ပြီး နင်းတဲ့ပုံနဲ့ တူတယ်ရော"... y လည်း ဘေးဘီကို ကြည့်ရင်း မြေပိုလေးရှိသည့်နေရာရောက်တော့ ဘေးချရပ်လိုက်ကာ မီးပြထားသည်... စက်ဘီးလေးက Vellfire နားရောက်တော့ ရပ်သွားပြီး ကောင်လေးက ဆင်းတွန်းရသည်...
Y ကားဘေးမှ တစ်လှိမ့်ချင်း ဂရုတစိုက်စက်ဘီးကို တွန်းသွားသည့် ကောင်လေးကို y ဘေးရှိ UV မှန်ကို ကျော်ကာကြည့်လိုက်သည်...အနေတော် သွယ်လျသည့်မျက်နှာလေးတွင် နှာတံလေးနှင့် နှုတ်ခမ်းပါးလေးတွေက ထင်ရှားနေသည်... ပါးပြင်ထက်တွင် ပါးကွက်ကျားလေးရှိနေပြီး ရှည်လျားသည့်မျက်တောင်လေးတွေအောက်ရှိ မျက်ဝန်းလေးတွင် Vellfire ကို ထိမိမှာစိုးရိမ်သည့် အရိပ်အယောင်တွေမြင်နေရသည်...
Slide တံခါးလေးကို ကောင်လေးရောက်သွားချိန်တွင် y memory တွေထဲ ပုံရိပ်တွေဝင်လာကာ... "ရူ... ရူပါလင်း ထင်တယ်... ဦးထုပ်ကိုဖယ်ပြီး ပါးကွက်ကို ဖျက်လိုက်ရင် ရူပါလင်း ပဲ"... စက်ဘီးလေးက Vellfire လေးကို အောင်မြင်စွာဖြတ်သန်းသွားပြီး တရွေ့ရွေ့နင်းထွက်သွားသည်...