Tree 7.2 Unicode
132 14 2
Part 7.2
ရူပါလင်း တစ်ယောက် Blit အဖြူရောင်လေးနှင့် Liel group တွင် y ပေးသည့် တာဝန်တွေကို ကျေပွန်အောင် ဆောင်ရွက်သလို ဟိန်း ကလည်း Celsior လေးဖြင့် ဆဆေးကျောင်းတက်ရင်းကျောင်းစာကို ဖိဖိစီးစီးလုပ်ကာ ကြိုးစားသည်...
Celsior လေးအနောက်က Blit လေးကပ်ပါလာသည်... မနက်တိုင်း ဟိန်းနှင့်ရူ ကားကိုယ်စီဖြင့် တာဝန်ထမ်းဆောင်ရန် အတူထွက်ကြသည်... ကြီးတင် တို့ အကြော်တဲရှေ့ ကားရပ်ကာ အကြော်တဲတွင် နှစ်ယောက်ဝင်ထိုင်ကာ အကြော်စားသည်...
"ငါတို့ဖြင့် ဝမ်းသာလိုက်ရတာ ဖိုးသားရာ... နင်တို့ company မှာ အလုပ်ရသွားတာ ကံကောင်းတယ်... company က ကားအကောင်းစားကြီးလည်းပေးတော့ အဆင်ပြေတာပေါ့ဟာ... ရော့ရော့... ဖိုးသားငယ်လေး ကြိုက်တဲ့ တို့ဟူးကြော်... အခုမှချတာ"...
တိုရှည်သည် ကုလားမကြီး အဘီကလည်း ကြီးတင် နားကိုလာကာ... "တော်သေးတယ် ကန်ကလေးတွေ... အလုပ်ရပြီး အဆင်ပြေသွားပေမယ့် ငါတို့ သားသမီးတွေကို စာသင်ပေးတာ မပျက်လို့... ငါ့မှာ စိတ်တွေပူလိုက်ရတာ... သူတို့ အလုပ်ကောင်းပြီး ဘဝင်မြင့်မလားဆိုပြီး"...
ကြီးတင် က... "မကုလားမ... ငါ့ဖိုးသားတွေက လူလိမ္မာလေးတွေပါ... သူတို့ မရှိတုန်းကလည်း ပုံမှန်ပဲ... ခု နည်းနည်း အဆင်ပြေလာတော့လည်း ပုံမှန်ပဲ... အဲ့လို စေတနာလေးတွေကြောင့် ကံကောင်းတာ... ဆုတောင်းတယ်ဟေ့... ပိုအဆင်ပြေပါစေလို့ကွယ်... ငါ့သားနှစ်ယောက်က ဆရာဝန်ပေါက်စရဲ့ ကားကို ပိုကြိုက်တယ်တဲ့..."...
ဟိန်းနှင့်ရူ အကြော်စားပြီး နှုတ်ဆက်လိုက်ကြကာ ကားပေါ်ကိုယ်စီတက်လိုက်သည်... "ကြီးတင်ရေ... ညနေ ကျူရှင်ရောက်ရင် မုန့်ကျွေးမယ်လို့ ပြောလိုက်ဦး ကလေးနှစ်ကောင်ကို... အဘီရောပဲနော်"... ရူနှင့်ဟိန်း ညနေပြန်ရောက်တိုင်း ပညာဒါနအဖြစ် လမ်းထဲက ကလေးတွေကို စာသင်ပေးနေခြင်းက အဆက်မပြတ်... အဆင်ပြေလာ၍ ကလေးတွေကို လိုအပ်သည့် စာအုပ်တွေကိုပါ ဝယ်ပေးနိုင်လာသည်... မျှဝေခြင်း ဆိုသည်ကား လောကကြီး ၏ အလှရတနာ တစ်ပါးပင်...
-------------------------------------------------------------------------------------------
Junction City ထဲတွင် MD ထွဋ်ဟိန်းမောင် နှင့် အာကာဝေယံဟိန်း တို့အိတ်တွေကိုယ်စီဖြင့်... ထွဋ်ဟိန်း လက်ထဲမှအိတ်တွေကို ဟိန်း က လှမ်းဆွဲကာ... "အစ်ကို... ကျွန်တော့် ကို ပေးပါဗျာ... တော်ကြာ အစ်ကို့ လုပ်ငန်းရှင်အသိတွေနဲ့ တွေ့ရင် မြင်မကောင်းဘူး အစ်ကိုရ"...