Tree 7.3
542 41 6
Part 7.3
အချိန်ဘုရင်ကြီး၏ ပြိုင်စံရှား ဝီရိယကောင်းမှုကြောင့် ရူပါလင်း သည် ၂၁ နှစ်ပြည့်တော့မည်ဖြစ်သလို ဟိန်း သည်လည်း Final part 2 ကျောင်းသားဖြစ်နေပြီ... y နှင့် ရူ တို့ ညီအစ်ကို ဆုံဆည်းခဲ့သည်မှာလည်း တစ်နှစ်သက်တမ်းပြည့်တော့မည်...
ကိုယ်စီတာဝန်တွေကို ထမ်းဆောင်ရင်း ဟိန်း နှင့် ရူ လည်း အနည်းငယ် စုဆောင်းမိလာသည်... မိဘတွေကတော့ တစ်ချက်ပင်လှည့်မကြည့်... ဦးသွင်ကျော်လင်းတို့သည်လည်း Model ကို ရှာဖွေနေသော်လည်း မထူးခြား... အလုံခြုံဆုံးနေရာသည် ဆီမီးခွက်အောက်ဖြစ်၍ y သည် သူတို့အနီးနားတွင်ရှိနေ၍ သတိမထားမိချေ...
July လ၏ holiday တစ်ရက်တွင် ရူနှင့် y တို့ Manhattan fish market ကို ထွဋ်ဟိန်းနှင့် ဟိန်း ကို ဂျစ်ကာ လိုက်ပို့ခိုင်းခြင်းဖြစ်သည်... ပုစွန်ကြိုက်သည့် တမာန်တော်နှစ်ယောက်၏ ရှေ့တွင် ပုစွန်ပွဲတွေက မနည်း... အအေးသောက်လိုက် ပုစွန်စားလိုက် ညီအစ်ကို နှစ်ယောက် ခွံ့ကျွေးလိုက်ဖြင့် ပျော်နေကြသော ရူနှင့် y ကို ကြည့်ကာ ထွဋ်ဟိန်းနှင့် ဟိန်း တို့ ဗိုက်ပြည့်နေပြီဖြစ်သည်...
"မောင်... စားလေ... "... "ဟန်နေ တို့ပဲစားပါ... မောင် တို့နှစ်ယောက်က ဟန်နေ တို့ကို ကြည့်ရတာနဲ့ပင် ဗိုက်ပြည့်ပြီ"...
"ကိုကို... ညီညီ တို့ မွေးနေ့ က တစ်လကျော်ကျော်ပဲလိုတော့တယ်... ကိုကိုနဲ့ညီညီ က မွေးနေ့တူတော့ ဒီနှစ် အတူတူ လုပ်လို့ရပြီ"...
"ကိုကြီး အကြံပေးမယ် ညီရူ... မွေးနေ့ကို သဘာဝတရားရိပ်သာမှာ သွားလှူပြီး နောက်တစ်ရက်ကျရင် Maldives သွားကြမယ်လေ... ကိုကြီး က sponsor ပေးပါ့မယ်..."
"ယေး... အဲ့ဒါကြောင့် ကိုကြီးထွဋ် ကို ချစ်ရတာ..."...
"ကိုထွဋ် ကတော့ မြင်းကို အတောင်ပံတပ်ပေးတာပဲ... ရူ က Maldives အရမ်းသွားချင်နေတာ..."... ဟိန်း က ထောက်ခံလိုက်သည်...
"Ok... မောင် သာ အခုတည်းက အလုပ်တွေ ဖိလုပ်ထား... Maldives ထိ အလုပ်က လိုက်လာလို့ကတော့ ခင်ဗျားနဲ့ ကျုပ် အပြတ်ပဲ"... y က ခြိမ်းခြောက်တော့သည်...
ညီအစ်ကိုလေးဦး အင်းယားကန်တွင် လေညင်းခံကာ ကိုယ်စီအိမ်ပြန်ကြသည်... ပျော်ရွင်စရာ အချိန်လေးတွေကို အချိန်ဘုရင်ကြီးက နေ့တိုင်း ဖြစ်ခွင့်ပေးပါ့မလား...