Tree 6.4
573 44 10
Part 6.4
ပြန်ဆုံမယ့်တနင်္ဂနွေ...
Company မသွားခင် မနက်စာ စားနေရင်း... "မောင်... ဟန်နေ လုပ်ချင်တဲ့ plan ပြောပြမယ်"...
"ပြောလေ ဟန်နေ... ဟန်နေ့ မိဘတွေနဲ့ ပတ်သက်ပြီး ဟန်နေ စိတ်တိုင်းကျသာလုပ်..."... y ရထားသည့် ဒဏ်ရာသည် အရွယ်နှင့် မလိုက်၍ ထွဋ်ဟိန်း အတိုက်အခံမလုပ်တော့ဘဲ y သဘောကိုသာ ဦးစားပေးတော့သည်...
"ဟန်နေ ရူပါလင်း ကို ခေါ်တွေ့မယ် မောင်... ဘာပဲဖြစ်ဖြစ် သူက ဟန်နေ့ ညီလေးပဲလေ... သူ့ကို အသိပေးပြီး သူရယ် အာကာဝေယံဟိန်း ရယ်ကို ဟန်နေ ခုလို ဆင်းရဲတဲ့ဘဝက ဆွဲထုတ်ပြီး စီစဉ်သင့်တာ စီစဉ်ပေးလိုက်မယ်... မိဘတွေကိုတော့ y ဖက်က စပြီး အသိမပေးချင်ဘူး... သူတို့ဘာသာ ဟန်နေ ဆီရောက်လာပြီး သားအကြီးမှန်းသိသွားတာပဲ ဟန်နေ လိုချင်တယ်"...
"ကောင်းပါတယ် ဟန်နေ... ဒီ Sunday ရူပါ တို့ကို အိမ်ခေါ်လိုက်လေ... မောင် တို့ ကလေးတွေကို အဆင်ပြေအောင် ပံ့ပိုးပေးရမယ်လေ... မသိခင်တုန်းက တစ်မျိုးပေါ့... မောင် တို့ လုပ်ပေးနိုင်တာကို သူတို့လက်ခံရင် လိုရင်းရောက်ပါပြီ... "
Company ရောက်တော့ ထွဋ်ဟိန်း တစ်ယောက် အာကာဝေယံဟိန်း ကို ဖုန်းဆက်လိုက်သည်... "ညီ... ဟန်နေ က ရူပါလင်း ကို တွေ့ချင်လို့တဲ့... ညီလေးအဖြစ်နဲ့ တွေ့ချင်လို့ လာမယ့် Sunday ကားလွှတ်လိုက်မယ်... အိမ်ကိုခေါ်ခဲ့ပါတဲ့... ရူပါ ကိုတော့ ဘယ်သူဘယ်ဝါဆိုတာ surprise လုပ်ရအောင် ညီ... Ok... တစ်ခုပဲ y ကို မိဘတွေနဲ့ ပတ်သက်ပြီး pressure ပေးလို့မရဘူး... ရူပါလင်း ကိုတော့ သူ ကြည်ကြည်ဖြူဖြူ လက်ခံတာ"...
"ဝမ်းသာလိုက်တာ ကိုထွဋ်ဟိန်း ရာ... ကျွန်တော် က ရူ ကို ကိုy ခါးသီးမှာကြောက်နေတာ... ရူ သာ သူ့အစ်ကိုက သူ့ idol ကြီးမှန်းသိရင် တအားပျော်မှာ... ညီ ပါးပါးလေး သတိပေးထားလိုက်မယ် ရူ မိဘတွေနဲ့ ပတ်သက်ပြီး မတိုက်တွန်းဖို့... ကျေးဇူး အစ်ကို... ညီတို့ Sunday တွေ့မယ်နော်"...
ဖုန်းချပြီး ထွဋ်ဟိန်း ရင်ထဲမကောင်း... အာကာဝေယံဟိန်း ရင်ထဲပျော်နေပေမယ့် သိမ်ငယ်မှုတစ်ခုရှိနေမှန်း ထွဋ်ဟိန်း ခံစားမိသည်... အရင်က မိဘ background နဲ့ဆို ဟိန်း သိမ်ငယ်မည် မဟုတ်... အခုတော့ မိဘတွေရဲ့ အတ္တပြိုင်မှုကြောင့် သားတွေလည်း သိမ်ငယ်နေရသည်... y အကောင်းဆုံး ဖန်တီးပေးနိုင်မည်ကိုလည်း ထွဋ်ဟိန်း ယုံကြည်မိသည်...