Tree 8
492 41 3
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 8 Special Feature
By ခေတ်သျှန်လင်း@y
ကန့်လန့်ဖြတ် Blit အဖြူလေးကို ကုန်တွဲယာဉ်နှစ်စီး စက္ကန့်ဝက်အတွင်း ဝင်တိုက်သွားသည်...
"ကျွီ.... ကျွီ" ... "ဒုန်း....".... "တီ.....".... "ခွမ်း...."... "ဘောင်း ဘောင်း(airbag)..."... "တိန်းတိန်း တိန်းတိန်း (Blit alarm)"...
"ဘုရား..."... "ကား..." ... "ပြေး..."... "ဟာ..."... "မေကြီးရေ..."... "သံ... သံ ဗုဒ်... ဒေ"... "တိုက်သွားပြီ..."... "လုပ်ပါဦး... လာကြပါ"... "ambulance ခေါ်..."... "သောက်ပလုပ်တုတ်..."... "119 လား 911 လား လုပ်ပါဦး"... "လာကြပါဦး အဲ့တာ အိမ်နားက ကလေးရဲ့ကား..."... အပြင်လောကတွင် ကမ္ဘာပျက်သလို ဖြစ်သွားသည်...
"တွန်းထား တောင့်ခံထား Ecstasy ဟိန်း..."... "Ecstasy ရူ........"... ကားအပြင်မှ တောင့်ခံထားသော Ecstasy ထွဋ် နှင့် Ecstasy ဟိန်း တို့လည်း သွေးပျက်နေကြသည်...
"မောင်... ရူ နဲ့ မဆိုင်ပေမယ့် အသီးအပွင့်လေးတွေဝေဆာ တောက်ပနေတဲ့ ပျိုးပင်လေးတွေကို ရူ မသေစေချင်ဘူး... သစ်ပင်လေးတိုင်းကို ရူ ရှင်သန်စေချင်တယ်... Gay ဆိုပြီး အခြောက်ဆိုပြီး လူတွေကဲ့ရဲ့နေပေမယ့် ရူ တို့ကလည်း လူသားတွေပဲလေ... ရူ လူသားဆန်လိုက်ချင်တယ်... မောင့် အတွက် ရူ က ဘဝအဆက်ဆက်ပါ မောင်... အခုတော့ ရူ သစ်ပင်လေးတွေကို ကာကွယ်ပါရစေ... ချစ်တယ်မောင်"... ရူ brake ကို တစ်ချက်မလွတ်စေဘဲ နင်းထားကာ အဖြူအစိမ်း ကျောင်းသား/သူလေးတွေ ကို ပြုံးပြီးကြည့်ရင်း စူးအောင့်သော ဝေဒနာကို ဟိန်း မျက်နှာလေးကို မြင်ယောင်ပြီး ဖြေဖျောက်လိုက်သည်...
ဘေးမှ မှန်လေးကို လက်လေးထောက်ကာ... "ေ မာ င်......."......
"မောင်...
နောက်ဆုံးအဖြစ် ချစ်ဝိသေသ
အမှတ်ရစွာခေါ်ပါရစေ
ဘဝအဆက်ဆက် သခင် မောင့် နား
ရူ ရှိနေမှာပါ"...
ရူ ညင်သာနူးညံ့စွာ အိပ်စက်သွားသည်... ရူပါလင်း ကို အုပ်မိုးကာကွယ်ပေးထားသော Ecstasy ရူ လေးလည်း လွင့်စင်ပျောက်ကွယ်သွားသည်...
"Ecstasy ရူ... don't leave"... Blit လွင့်ထွက်သွားမည်စိုး၍ တောင့်ခံပေးထားသော Ecstasy ဟိန်း နှင့် Ecstasy ထွဋ်ဟိန်း တို့ ခြေကုန်လက်ပမ်းကျသွားသည်... ရူပါလင်း ၏ Gear အကြီးထိုးပြီး brake ကို မပြတ်နင်းကာ တင်းခံထား၍ Blit လေးသည် လွင့်ထွက်မသွားဘဲ ထော်လာဂျီလည်း ဘေးကင်းသွားခဲ့သည်...