Tree 9 Unicode
222 14 0
"သစ်ပင်လေးတွေ ရှင်သန်စေ" Episode 9 Main Theme I
By ခေတ်သျှန်လင်း@y
တွေ့ဆုံခြင်းရဲ့ ပျော်ရွှင်မှု နောက်ကွယ်မှာ ခွဲခွာခြင်းရဲ့ ဝမ်းနည်းမှုတွေ ဒွန်တွဲကပ်ပါလာမှာက လောကကြီးရဲ့ အမှန်တရားတစ်ခုပါ... ဇာတ်လမ်းတွေကို ဘုရားသခင် က စိတ်မဝင်စားပါဘူး... အမှန်တရားကိုပဲ စိတ်ဝင်စားတာပါ... ဇာတ်လမ်းမဟုတ်တဲ့ အမှန်တရား တစ်ခုကတော့ ရှင်သန်ရာလောကကြီးမှာ ရူပါလင်း မရှိတော့... အလှနတ်ဘုရားရဲ့ တမာန်တော် မရှိတော့... ဘယ်မှာလဲ... အရပ်ရှစ်မျက်နှာမှာလား... Under the sea လား... Where... ဒုတိယ ဘုရားသခင်ဖြစ်တဲ့ ငွေအင်အား၏ လွှမ်းမိုးမှု အရှိန်အဝါ ဘယ်လောက်ကြီးပါစေ ရူပါလင်း ကို ရှာလို့တွေ့မည်မဟုတ်... because ရူပါလင်း က သေဆုံးသွားပြီလေ...
ဦးအာကာဟိန်းမောင်, ဒေါ်မေသဒ္ဒါ, ဦးသွင်ကျော်လင်း, ဒေါ်မြတ်သန္တာ တို့ Liel Group ၏ VIP Living Room ထဲသို့ စုံစုံညီညီရောက်ရှိနေကြသည်... ဟိန်း ကတော့ သီးသန့်ထိုင်နေသည်... ထွဋ်ဟိန်း နှင့် y ကတော့ Coner တွင် အတူယှဉ်ထိုင်နေကြသည်...
ကာဖီခုံလေးပေါ်တွင် သတင်းစာ တစ်ခု... ဘယ်နှင့်ညာ တစ်ဆက်တည်း စာမျက်နှာတွင် နှစ်ဖက်စလုံးမှ သားဖြစ်သူတွေကို အမွေပြတ်စွန့်လွှတ်ခြင်းကို ရုပ်သိမ်းကြောင်းနှင့် နှစ်ဖက်စလုံးမှ ဟိန်းနှင့်ရူ ကို အမွေစားအမွေခံအဖြစ် သတ်မှတ်လိုက်သည့် သတင်း... ဆိုလိုသည်က အာကာဝေယံဟိန်း သည် ဦးသွင်ကျော်လင်း တို့၏ အမွေစားအမွေခံ သားဖြစ်သလို (ရူပါလင်း) သည်လည်း ဦးအာကာဟိန်းမောင် တို့၏ အမွေစားအမွေခံ ဖြစ်သွားလေပြီ...
"သားဟိန်း... par တို့အိမ်ပြန်လာပါနော်... သားစိတ်တိုင်းကျ လုပ်ခွင့်ပေးပါတယ်..."...
"သားဟိန်း... ဒယ်ဒီ တို့အိမ်ကလည်း သားဟိန်း အတွက် အဆင်သင့်ပါပဲ"...
ဟိန်း က တွေဝေမနေဘဲ... "ဘယ်အိမ်မှ လာမနေဘူး... ကျွန်တော် ရူ ခေါင်းချခဲ့တဲ့ လှော်ကားက အိမ်လေးမှာပဲ ဆက်နေမယ်... ရူ ကို တစ်ယောက်တည်း ဘယ်တော့မှ မထားဘူး"...
ဖျတ်ခနဲ ကာဖီခုံပေါ်ကို File တစ်ခုဝဲကျလာကာ မာနတမာန်တော် ၏ လွှမ်းမိုးမှု အရှိန်အဝါတွေ ခြုံလွှမ်းနေသော မန္တာန်တစ်ခု ထွက်ပေါ်လာသည်...