Day 5 and 6
482 35 3
August 14
ရူ ဘေးတွင် ဟိန်း နှင့်အတူ နှစ်ဖက်မိဘများက ရူ ချစ်ဖို့ကောင်းပုံကို မျက်ရည်တွေဖွက်ထားကာ ပြောနေကြသည်... y ကတော့ ထွဋ်ဟိန်းတို့ ရူသူငယ်ချင်းတို့နှင့် အတူ ရက်လည်ဆွမ်းကပ်အတွက် စီစဉ်နေကြသည်... အလှနတ်ဘုရားရဲ့တမာန်တော်  နောက်ဆုံးခရီးအတွက် မာနတမာန်တော် ကသာ ဦးဆောင်စီစဉ်ကာ အကောင်းဆုံးတွေဖန်တီးပေးသည်...
August 15
ရူ ရက်လည် ဆွမ်းကပ်ပွဲကို ပြည့်စုံသော လှူဒါန်းမှုများဖြင့် ပြည့်ပြည့်စုံစုံ ပြုလုပ်ကြသည်... ရူ အရိုးပြာအိုးလေးကို ရှေ့တွင်ထားကာ ရေစက်ချအမျှဝေကြသည်... y ကတော့ ဦးသွင်ကျော်လင်း နှင့် ရေစက်ထပ်မဆုံချင်၍ ရှေ့က ရေစက်ခွက်ကို လက်ဖြင့်ပင်မထိ...
ရူ ကို ယနေ့ညတွင် လူ့လောကမှ ထွက်ခွာစေတော့မည်... y က ရူ အရိုးပြာအိုးလေးကို ကြင်နာစွာ နမ်းရှိုက်လိုက်ကာ... "ညီညီ... တစ်စိမ်းနယ်မြေသစ်အတွက် အားမွေးထားနော်... ကိုကို့ ညီညီ ကျော်ဖြတ်နိုင်မှာပါ...
“ရူ... ရူ နောက်ဆုံးအချိန်မှာ မောင် ဘေးမှာရှိမပေးနိုင်ခဲ့ဘူး ဒါပေမယ့် မောင် ဂုဏ်ယူတယ် ရူ လေးက အသက်ကိုတောင် အများအတွက် ရဲရဲဝံ့ဝံ့ပေးဆပ်ခဲ့တယ်... ရူ မရှိတော့ မောင် Confidence မရှိတော့ဘူး but ရူ အတွက် မောင် ဆက်လက်ရှင်သန်မယ် ရူ... ရူ ဖြစ်စေချင်တဲ့ လူသားအကျိုးပြု ဆရာဝန်ကောင်း ဖြစ်စေရမယ် ရူ... ရူ ကို မောင် ချစ်တယ်… ချခဲ့ဖူးတဲ့ရေစက် စိုက်ခဲ့ဖူးတဲ့ ပန္နက်တွေကြောင့် မောင်နဲ့ ရူ ဘ၀ဆက်တိုင်း ဆုံဆည်းမှာပါ… ရူ စိတ်ချသွားတော့နော်… ရူ ပေးခဲ့တဲ့ အချစ်စွမ်းအားတွေကို ကမ္ဘာမြေကြီးကပေးတဲ့ စွမ်းအားတွေနဲ့ ပေါင်းစပ်ပြီး လောကကြီးက သစ်ပင်လေးတွေကို မောင် ရှင်သန်စေပါ့မယ်"... ဟိန်း ရူ အရိုးပြာအိုးလေးကို ရင်ခွင်ထဲထည့်ကာ ချစ်မေတ္တာကြိုးတွေ သွယ်ယှက်လိုက်သည်...
ည ၁၂နာရီထိုးချေပြီ… ဟိန်း ညာဖက် ပုခုံးထက်သို့ လိပ်ပြာလေးလာနားကာ Secret Garden ဆီသို့ အပြီးတိုင် ဝဲပျံလွင့်မြောသွားတော့သည်...