Tree 4.4 Unicode
145 16 0
Part 4.4
ကျော်စွာလည်း ကားရပ်ထားရ၍ ဘေးဘီဝဲယာရှိ အဖြူအစိမ်းလိပ်ပြာလေးတွေကိုငေးနေမိသည်... မျက်လုံးအကြည့်များသည် တစ်နေရာကို ရောက်သွားသည်... ဦးထုပ်လေးနောက်ပြန်ဆောင်းထားပြီး အဖြူရောင် ရှပ်ကျႌလက်ရှည်ပွပွကြီးကို ဝတ်ကာ ပဲပြားအစာသွပ်တွေရောင်းနေသည့်ကောင်လေး... ရှပ်အကျႌ၏ အိတ်ကပ်တွင် စွန်းနေသည့် အပြာရောင်အကွက်ကိုလည်း တွေ့လိုက်ရသည်... ်နှမျက်နှာတွင်ရှိသောပ်ခါးပါးကွက်လေးက ချွေးလေးတွေကြောင့် အရာလေးတွေထင်နေသည်... ရှေ့က ကျောင်းသားလေးတွေ လက်ထဲ အစာသွပ်အိတ်လေးကို မော့ပေးလိုက်သည့်အချိန် မြင်လိုက်ရသည့် ဝိုင်းစက်နေသည့်မျက်လုံးလေးနှင့် နှုတ်ခမ်းလှလှလေး...
"လင်း... ရူပါလင်း..."... ပိုသေချာသွားစေသည်က ရှပ်အကျႌအဖြူရောင်တွင် စွန်းနေသည့် အပြာရောင်အကွက်သည် ဟိန်း ၏ အိတ်ကပ်ထဲသို့ ခဏထည့်လိုက်သည့် ကျော်စွာ့ ၏ ဘောပင်မှ မင်တွေယိုသွားခဲ့သည့် အဖြစ်အပျက်... မိမိကြောင့် စွန်းသွား၍ အရမ်းအားနာခဲ့ရသည်... ယခင်က ဟိန်း ကိုသာဆို အားနာမည်မဟုတ်သော်လည်း ချိုးခြံကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေရသော ဟိန်း ဖြစ်နေ၍ အားနာခဲ့ရသည်... ထိုအကျႌလေးကို ဟိန်း မဝတ်ဖို့ ရူကပြောပြီး ရူသာဝတ်ဖို့ ယူထားလိုက်သည်ကိုလည်း ကျော်စွာသိသည်…
ရှေ့ကားက အနည်းငယ်ရွေ့သွား၍ ကျော်စွာလည်း ရှေ့ကိုတိုးလိုက်တော့ ရူပါ နှင့် ဘေးချင်းကပ်လိုဖြစ်သွားသည်... Sunray တွေကပ်ထား၍ ကားထဲကိုတော့ အပြင်ကမမြင်နိုင်... ညာမောင်းကားဖြစ်၍ ရူပါ နှင့် ကျော်စွာသည် လေးပေးလောက်သာကွာသည်... တစ်ဖက်လှည့်နေသော ဟိန်း ကို လက်တို့ကာ...
"ဟိန်း... ငါ့ဘေးက အပြင်ကို ကြည့်လိုက်"...
ဟိန်း လည်း ကျော်စွာ ဘေးအပြင်ကို ကြည့်လိုက်တော့... နဖူးမှစီးကျနေသည့် ချွေးလေးတွေကို မသုတ်အားဘဲ ဇလုံထဲကို အစာတွေထည့်ပြီးနယ်ကာ ပဲပြားထဲကို သိပ်ထည့်ပြီး ရှေ့ကကျောင်းသူလေးကိုပေးကာ ဘေးလွယ်အိတ်အဟောင်းလေးထဲမှ ပြန်အမ်းဖို့ငွေကို ရှာဖွေနေသော ကောင်လေး... ထိုကောင်လေးဝတ်ထားသည့် အတွင်းကစပို့ရှပ်လေးသည် နွမ်းသွား၍ ရူ မဝတ်ခိုင်းတော့သော သူ၏ အကျႌ... အိတ်ကပ်တွင်းမှင်စွန်းနေသည့် အဖြူရောင်ရှပ်သည်လည်း မိမိတွင်ရှိသည့် ကျော်စွာ့ဘောပင်ကြောင့် စွန်းသွားသည့် အကျႌနှင့်ဆင်တူ... ပိုက်ဆံအမ်းပြီးတော့ ဘေးကကော်ရေခွက်လေးကို လက်ညိုးလေးတစ်ချောင်းထောင်ပြီး မော့သောက်လိုက်ချိန်တွင်...