Tree 6.2 Unicode
135 13 0
Part 6.2
ခရမ်းရောင်သစ်ခွပန်းပွင့်လေးတွေပြည့်နေသော Bathtub ထဲတွင် y ရေစိမ်ကာ Ecstasy တွေ့ခဲ့သော အကြောင်းအရာတစ်ချို့ကို စဉ်းစားနေသည်... အရှေ့မှန်ထဲတွင် ပေါ်နေသော မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်... အလယ်တန်းကျောင်းသားအရွယ်ထိ လုံးဝန်းသော မျက်နှာလေးသည် အထက်တန်းရောက်တော့ ရှည်သွယ်သော မျက်နှာပြင်ဖြစ်သွားသည်... နှာခေါင်းလေးမှာလည်း ဘေးတိုက်အနေအထားတွင် တိကျသော ထောင့်မှန်တြိဂံလေးလို ဖြစ်နေသည်... ငယ်ရုပ်ဆိုသည်မှာ ရှာမတွေ့တော့... သဘာဝအလျောက် ပြောင်းလဲသွားခြင်းဖြစ်သည်...
လည်ပင်းအရိုးနားလေးတွင် ထင်ရှားနေသော အမှတ်လေးက သရဖူလိုလိုပင်... ခြေထောက်တစ်ဖက်ကို ရေထဲမှ ဆွဲထုတ်လိုက်တော့ သွယ်လျသည့် ပေါင်တံစင်းစင်းလေးတွေအောက်ရှိ ဒူးခေါင်းနားလေးတွင် မှဲ့နှစ်စက်က တစ်တန်းတည်း အနေအထားရှိနေသည်...
"ခေတ် သွင် လင်း... ငါ့နာမယ်က ခေတ်သွင်လင်းပဲ... ငါးနှစ်သားတုန်းက ငါနဲ့ အခု ၂၆နှစ်ငါက ဘာမှမဆိုင်တော့ဘူး... ဘာလို့ မိဘနာမယ်တွေ စဉ်းစားမရပါလိမ့်... ဒယ်ဒီဆိုတဲ့ မျက်နှာကို ငါ ရင်းနီးနေတယ်... ဆယ်စုနှစ်နှစ်စု ကြာတော့လည်း သူလည်း ရုပ်ပြောင်းသွားမှာပေါ့... ငါ တစ်ချို့မှတ်ဉာဏ်တွေ ပြန်ရတာ မောင့် ကို မပြောသေးဘူး... ဘာပဲဖြစ်ဖြစ် ငါက ခေတ်သျှန်လင်း ပဲ... ခေတ် သွင် လင်း ဆိုတာ ရေထဲပါသွားပြီ... All new ခေတ်သျှန်လင်း ပဲ ငါက"...
ခရမ်းရောင်သစ်ခွပွင့်လေးတွေကို နမ်းရှိုက်ရင်း y အသားအရေအတွက် အာဟာရတွေ စုပ်ယူလိုက်သည်...
---------------------------------------------------------------------------------------------------------------------
အချိန်ကား ညနေငါးနာရီ... သန်လျင်တံတားကြီးကို မြင်နေရသည့် မြစ်ကမ်းဘေးရှိ ကွင်းပြင်ကျယ်ကြီးတွင် Surf အပြာရောင်လေးက သန်လျင်တံတားကို ခေါင်းတည်ရပ်ထားတယ်... Surf အပြာရောင်လေး၏ ကားစက်ဖုံးပေါ်တွင် ၂၆အရွယ် ကောင်လေးတစ်ဦး ထိုင်ကာ မြစ်ရေပြင်ကိုကြည့်ရင်း Heineken ဘီယာကို မော့သောက်နေသည်... သူ့ဘေးတွင် Ocean အိတ်ဖြင့် ဘီယာဗူးတွေထည့်ထားသည့် အိတ်ကို တွေ့ရသည်...