Tree 5.2
514 36 2
Part 5.2
လှော်ကားဆိုသည့် နေရာလေးတွင် နှစ်ယောက်တည်းကမ္ဘာတည်ခဲ့သည်မှာ တစ်နှစ်ကျော်ခဲ့လေပြီ... ပထမဆုံးသော ရိုးရှင်းသည့် မွေးနေ့ပွဲလေးကို သည်... စားပြီးသကျင်းပခြင်းဖြစ်သည်န်းကန်များကိုဆေးကာ သိမ်းဆည်းနေသော ရူ ကို ဟိန်း က ပုဝါဖြင့်မျက်လုံးလေးတွေကို ပိတ်ကာ ဖက်၍ခြံထဲခေါ်ဆောင်လာသည်...
ညမွှေးပန်း ဇီဇဝါပန်း စံပယ်ပန်း သနပ်ခါးပန်းရနံ့လေးတွေဖြင့် ရူ တို့၏ ခြံလေးသည် ညအလှနှင့်အတူ တောက်ပနေသည်... အနောက်ကနေ သိုင်းဖက်ထားသော မောင့် လက်တွေက ပုဝါလေးကိုဖယ်လိုက်ကာ... "Happy Birthday ရူ... မောင် ပို၍ ပို၍ ချစ်လာရသော ရူ လေး ကျန်းမာပြီး ဆုတောင်းတွေပြည့်ပြီး မောင့် ကို ပိုချစ်နိုင်ပါစေ"...
မျက်လုံးလေးတွေ အသာဖွင့်ကြည့်လိုက်တော့ ဖယောင်းတိုင်လေးတွေကို အသည်းပုံ ပုံစံထွန်းထားပြီး စားပွဲခုံလေးပေါ်တွင် ကိတ်မုန့်ငယ်လေးကို ဖယောင်းတိုင်နှစ်တိုင်စိုက်ထားကာ နွားနို့ဘူးလေးတစ်ဘူးထောင်ထားသည်... သစ်သားထိုင်ခုံလေးတွေက ရူ ကို ကြိုဆိုနေသည်...
"မောင်... ရူ...ရူ... အရမ်းပျော်တယ်ရယ်..."... မောင်နှင့် အတိတ်မှာကျင်းပခဲ့သည့် Sakura Tower ပေါ်ရှိ မွေးနေ့လို မခမ်းနားသော်လည်း ချစ်မေတ္တာတွေက ခမ်းနားလွှမ်းမိုးနေသည်... "လာ... ရူ... ကိတ်ခွဲမယ်... ဆုတောင်းမယ်..."...
နှစ်ယောက်အတူ... "Happy birthday to you, Happy birthday to you, happy birthday dear ရူ, happy birthday to you"... ဖယောင်းတိုင်မီးလေးမှုတ်ကာ ဆုတောင်းလိုက်ပြီး ကိတ်မုန့်လေးကို ခွဲလိုက်ပြီး အပြန်အလှန်ခွံ့ကျွေးကြသည်... ယခင်လို Special order လုပ်ထားသည့် cake မဟုတ်သော်လည်း ချစ်မေတ္တာတွေကြောင့် ချိုမြိန်နက်ရှိုင်းလှသည်...
မောင် က အဖြူရောင် လက်ဆောင် box လေးကို ပေးကာ... "birthday present ရူ..."... စိတ်လှုပ်ရှားစွာ ဖွင့်ကြည့်လိုက်တော့ Night Dress ငါးစုံ... "မောင်... တအားလှတယ်... ရူ လည်း night dress လေးလိုချင်နေတာ... ကြိုက်တယ်"... "ဒီမှာ မောင် နဲ့ဆင်တူ... မောင် စာမေးပွဲသွားဖြေလို့ ကျော်စွာ ဆီမှာအိပ်ရလည်း ဆင်တူဝတ်ထားတော့ အနားရှိနေသလို ခံစားရအောင်... ရူ ရယ်... မောင် ဒီထက်ကောင်းတာတွေ အလုပ်ရရင် ဝယ်ပေးမယ်နော်"... "မလိုပါဘူး မောင် ရ... မောင် ရှိနေတာနဲ့တင် ရူ အတွက် လက်ဆောင်ရသလိုပါပဲ... ချစ်တယ်မောင်"... တစ်ချိန်က မောင် ပေးခဲ့ဖူးသည့် Chanel Top Ten package ထက် ယခု မောင့် ချွေးနည်းစာလေးနဲ့ လက်ဆောင်ပေးတဲ့ night dress လေးကို ရူ ပိုမြတ်နိုးပါတယ်...