Tree 4.2 Unicode
131 12 0
Part 4.2
"မဗိုက်... ဂေါ်ဖီရယ် သံပုရာသီးရယ်ပေးပါ..."... "ဒီနေ့ စောတယ်နော် သဲ... သဲ ကိုကို ကိုတောင် မတွေ့တာကြာပြီ"... "စာမေးပွဲဖြေဖို့ မြို့ထဲမှာသွားအိပ်တယ် မဗိုက်ရ... မဗိုက်လည်း ရေတွေအရမ်းမနှိပ်နဲ့တော့"... မဗိုက်ကို တစ်ခါတလေ ဈေးကူးရောင်းပေးရင်း ဘော်ဒါတွေ ဖြစ်ကုန်ပြီ...
ဝယ်ခြမ်းပြီးတော့ ဈေးထိပ်ရှိ စတိုးဆိုင်ကို ဝင်ကာ... "မငြိမ်းရေ... ပုဆိုးနဲ့ ရှပ်အကျႌဖိုးလာသွင်းတာ"... "နင်အဆင်ပြေလို့လား... မပြေလည်း နောက်မှပေါင်းပေး"... ရူ ကာ မှန်မှန်ကန်ကန် လပေးပေး၍ မငြိမ်းက သဘောကျကာ ပစ္စည်းအသစ်ရောက်တိုင်း လက်တို့၍ လပေး ခွင့်ပြုသည်... မောင့် အတွက် Skincare လေးတွေ ရှပ်အကျႌနှင့်ပုဆိုးလေးတွေကို လပေး ဝယ်ခြင်းဖြစ်သည်... မိမိ အတွက်တော့ ဘာမှ မဝယ်ဖြစ်...
စက်ဘီးလေးပေါ်တွင် ဝယ်လာသည့် ပစ္စည်းများကို အသာချည်ကာ အိမ်ကိုပြန်လာလိုက်သည်... ကြီးတင်၏ အကြော်တဲဘေးတွင် စက်ဘီးကို ရပ်လိုက်ကာ ကြီးတင်မှာသည့် အိတ်လေးကို ပေးလိုက်သည်... မုန့်ဟင်းခါး မှာလိုက်သော တိုရှည်သည် ကုလားမကြီး အဘီလည်း ကြီးတင်၏ အကြော်တဲတွင် ထိုင်နေချေပြီ...
ကြီးတင်သည် ကလေး ၃ယောက် မိခင်ဖြစ်ကာ ကြီးတင်ယောကျာ်းက ပန်းရံလုပ်သည်... အကြော်တဲလေးသည် ဓနိမိုးထား၍ အရိပ်ကောင်းကာ လယ်ကွင်းတွေဆီမှ တိုက်လေတွေအပြည့်အဝရရှိသည်... ကြီးတင်၏ ကလေးသုံးယောက်နှင့် အဘီ၏ သမီးလေးတွေကို စေတနာဖြင့် guide လုပ်ပေးရင်း မေတ္တာတွေရရှိခဲ့ခြင်းဖြစ်သည်... ရောက်ခါစက ယောကျာ်းခြင်းပေါင်းသင်း၍ အမြင်မကြည်လင်သော်လည်း ဟိန်းနှင့်ရူ တို့၏ မေတ္တာရှေ့ထားကာ လူအများကို ဆက်ဆံပေးသည့်စိတ်ကြောင့် စေတနာရောင်ပြန်ဟပ်ကာ လူချစ်လူခင်ပေါများလာခြင်းဖြစ်သည်...
"ဖိုးသား ထိုင်ဦး... တို့ဟူးကြော် ရတော့မယ်... စားဖို့ ယူသွားဦး"... "ယူတော့ပါဘူး ကြီးတင်ရယ်... အားနာလှပြီ... အကြော်အကြေတွေ နေ့တိုင်းပေးနေတာနဲ့တင်"... "အမလေးတော်... ငါတို့ သားသမီးတွေကို နင်စာပြပေးလို့ ကျူရှင်ဖိုးမကုန်တာ... ကလေးတွေ အဖေကတောင် စရိတ်သက်သာလို့ နင့်ကိုကျေးဇူးတင်နေတာ... အိမ်မှာ လုပ်စရာရှိရင် ခေါ်ပါတဲ့ နင်တို့ ဦးလေးက"...