Tree 6.1
520 42 1
Part 6.1
မှန်တင်ခုံ ရှေ့တွင် ခေါင်းဖြီးနေသော y က... "မောင်... ရူ အတွက် ဒီရက်ပိုင်း စားဖို့ကို မဆွေကိုပဲစီစဉ်ခိုင်းလိုက်မယ် ကိုလင်းသစ်နဲ့ တိုင်ပင်ပြီးတော့... မဆွေက အိမ်နီးတယ်လေ... ဟိန်း ကြည့်ရတာ ဆန်ပြုတ်တောင် မပြုတ် တတ်လောက်ဘူးရယ်... "...
"ဟန်နေ့ plan ကောင်းတယ်... လိုတာရှိလည်း မောင့် ကို ပြောပေါ့... ကလေးတွေလည်း သနားပါတယ်"...
"ဟန်နေ အရင်ရေချိုးမယ် မောင်... ဒီနေ့ Liel အတွက် billboard ရိုက်ပေးရမှာ..."... ဘီး အနက်ရောင်လေးကို မှန်တင်ခုံပေါ်တင်လိုက်ပြီး Showeroom ထဲ y ဝင်သွားသည်...
Y ရဲ့ ဘီးလေးကို ထွဋ်ဟိန်း ယူလိုက်ကာ ငြိနေသည့် y ဆံမျှင်လေးတွေကို y ဟု နာမည်တပ်ထားသည့် ပလတ်စတစ်အိတ်ထဲထည့်လိုက်သည်... ထွဋ်ဟိန်း ၏ private မီးခံသေတ္တာထဲတွင် ရူပါလင်း ဆိုသည့် အိတ်လေးဘေးမှာ y အိတ်လေး ထည့်ကာ သိမ်းလိုက်သည်...
Executive Director ရုံးခန်းထဲသို့ HR ဂျာကြီး လင်းသစ် ရောက်လာသည်... "ကိုလင်းသစ် ထိုင်ဦး... y တို့ ပေါ့ပေါ့ပါးပါး ပြောရအောင်"... y က ရူပါလင်း ဆေးရုံတက်ရသည့် ကိစ္စကို ရှင်းပြလိုက်သည်...
"Ok... အကိုသိပြီ... မဆွေ ကို ခွင့်ထပ်ပေးလိုက်မယ်... ပြီးတော့ ရူပါလင်း တို့အတွက် ထမင်းဟင်း စီစဉ်ခိုင်းလိုက်မယ်... အလုပ်နားနေတဲ့အချိန် မဆွေလည်း စိတ်ပြေလက်ပျောက် ဖြစ်တာပေါ့... အာ့ဆို အကို သွားတော့မယ် y... အခုပဲစီစဉ်လိုက်မယ်"...
ကိုလင်းသစ် တစ်ယောက် y အခန်းထဲက ထွက်လာပြီး ထောင့်ချိုးနားရောက်တော့ လက်မောင်းကို တစ်ယောက်ကဆွဲခြင်းကို ခံလိုက်ရ၍ လန့်သွားသည်... "ဟေ့ကောင်... လင်းသစ်... ငါနဲ့ ခဏလိုက်ခဲ့"... MD ထွဋ်ဟိန်း က ဆွဲလိုက်ခြင်းဖြစ်သည်...
"ဟာ... လန့်လိုက်တာ သားကြီးရာ"... ထွဋ်ဟိန်းနှင့် လင်းသစ် တို့သည် ကျောင်းနေဖက် သူငယ်ချင်းတွေလည်းဖြစ်သည်... ထွဋ်ဟိန်း က လင်းသစ် ကို basement car park ရှိ Lexus LX နောက်ခန်းပေါ် တက်ခိုင်းလိုက်သည်...
"လင်းသစ်... ငါ အကူအညီတောင်းစရာရှိလို့... ဟန်နေ့ ရဲ့ ဆဲလ်တစ်ချို့ကို ငါ Bangkok မှာ သွားစစ်ချင်လို့... သူ့ ပြောရင် အကြောတင်းလေးက လက်ခံမှာမဟုတ်ဘူး... အဲ့ဒါ ငါ Bangkok သွားမယ်... မင်းလိုက်ခဲ့... ဟန်နေ့ ကို မင်းက အလုပ်ကိစ္စနဲ့ အကြောင်းပြပြီး ငါပါ လိုက်ရမယ်ဆိုပြီး ဇာတ်လမ်းဆင်လိုက်... သူရိန်လင်းထက် ကို ငါနဲ့မင်းရဲ့ တာဝန်တွေ ခွဲပေးပြီး Authority ပေးခဲ့မယ်"...