Tree 3.1
606 44 4
Tree 3.1
"ကျေးဇူးပဲ Alex... ငါ... ငါ လက်မလျှော့ပါဘူး... စိတ်ချ... ငါ ရင်ဆိုင်မယ် ဖြတ်သန်းမယ် ရုန်းထွက်မယ်... ငါ နုရွ နေလို့ ပြီးသွားမယ်ကိစ္စမဟုတ်ဘူးလေ... ငါ မင်း Account ထဲ သိန်း၅၀လွှဲထားတယ်... အဲ့တာ မင်းထုတ်ပေးထားနော်... ငါ လည်း ပြင်ဆင်စရာတွေရှိသေးတယ်... အားလုံးကိုလည်း မင်းပဲပြန်ပြောလိုက်နော်... ဟိန်း ကလည်း ငါနဲ့ အတူ ရင်ဆိုင်မယ်လို့... Thanks for all"...
-------------------------------------------------------------------------------------------
ရူ ၏ ဖိုးဖိုး ဦးအောင်သွင် မှ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်... "မင်းတို့ ဘာဆက်လုပ်မလဲ???... ငါ က အဖိုး... ရူပါလင်း က ငါ့ မြေး... အဖိုးတစ်ယောက် အနေနဲ့ မြေး တစ်ယောက်ကို ဆိုင်ပဲဆိုင်တယ်... မပိုင်ဘူး... ပိုင်တဲ့ မင်းတို့ မိဘနှစ်ယောက်ပဲ ဆုံးဖြတ်ရမှာ"...
"သမီးကတော့ ဘယ်လိုမှ လက်မခံနိုင်ဘူး ဖေဖေ... သမီးမွေးထားတာ သားယောကျာ်းလေး... အခြောက်မဟုတ်ဘူး... သမီးတို့ သူ့ကို ဟိုကောင်လေးနဲ့ ဝေးအောင် ကနေဒါ ကို ပို့မယ်... မပို့ခင်မှာ သင်္ကန်းစည်း ပေးမယ်... သူ့စိတ်တွေ အမှန်ပြန်ဖြစ်အောင်... သမီးတို့ သားနဲ့ ခန္ဓာကိုယ်ချင်းတောင် ရင်းနီးနေတဲ့သူက ယောကျာ်းတစ်ယောက်ဆိုတာ ဘယ်လိုမှဖုံးဖိလို့လဲမရဘူး... အခုတောင် တော်တော်များများက သိကုန်ပြီ... မြတ်သန္တာက သားတစ်ယောက်ကိုတောင် မအုပ်ချုပ်နိုင်ဘူးဆိုတာ လက်မခံဘူး... သမီး ရအောင်တားမယ်"...
"ဟုတ်တယ်ဖေဖေ... သားလည်း သူ့ကို ကနေဒါ ပို့မှာ သဘောတူတယ်... ဟိုကောင်လေးနဲ့ အဆက်ဖြတ်မှရမယ်... သံရုံးမှာ ဒါတွေကြားနေရပေမယ့် သားမှာလည်း အတ္တရှိတယ်... အခုပဲကြည့်... screen ပေါ်က image ကြောင့် အမျိုးတွေကြားမှာရော လုပ်ငန်းရှင်တွေကြားမှာရော ခေါင်းမော့နေလို့ မရတော့ဘူး... သွင်ကျော် သားက အခြောက်ပါ ယောကျာ်းလေးနဲ့အိပ်နေတာလို့ ထပ်ကြားရရင် ကျွန်တော် သတ်သေမိမယ် ဖေဖေ... မြတ်မြတ်ပြောသလို အရင် သင်္ကန်းစည်း ပေးလိုက်"...
"မင်းတို့ဘယ်လိုတားတား ငါ့ မြေး က ဟိုကလေးနဲ့ ပေါင်းမယ်ဆိုရင်ရော...???"
"ဖေဖေ... သားရူ ကို ရွေးချယ်ခိုင်းရမှာပေါ့... ဟိုကလေးကို ရွေးမယ်ဆို ကိုယ့်အစွမ်းအစနဲ့ ကိုယ်ရပ်တည်... အိမ်ရိပ်တောင် မနင်းနဲ့... ပိုင်ဆိုင်မှုတွေ လုပ်ပိုင်ခွင့်တွေ ပိတ်လိုက်... သူ ကြာကြာဘယ်နေနိုင်မလဲ... မွေးကတည်းက ရွှေပေါ်မြတင်မွေးလာတာ... ဆင်းရဲတဲ့ ဒဏ်ကို မခံနိုင်ဘဲ အိမ်ပေါ်ပြန်ရောက်လာလိမ့်မယ်"...