Cha-42

6.9K 1.3K 53
                                    

[Unicode]

ကြီးမားသောမီးလောင်ပေါက်ကွဲမှုကြီးမှာ နိုင်ငံတဝှမ်းကိုရှော့ခ်ရသွားစေပေမယ့် နောက်ဆုံးအဆုံးသတ်မှာတော့ ယာဉ်မောင်းတဦးတည်းသာအသေးအမွှားထိခိုက်ဒဏ်ရာတချို့ရခဲ့ပြီး ကျန်သူအားလုံးဘာမျှမထိခိုက်ခဲ့ပေ။ ဒါကြောင့်မို့ ထူးခြားအံ့ဖွယ်ဖြစ်နေရတော့သည်။

စုံစမ်းစစ်ဆေးမှုရလဒ်မထွက်လာသေးခင်အထိတော့ လူတွေရဲ့စိတ်ထဲမှာလေးလံထိုင်းမှိုင်းနေရပြီး ခုချိန်မှပေါ့ပါးလွတ်လပ်သွားကြရတော့သည်။လေးနက်တည်ကြည်သည့်သဘောရှိသည့်သတင်းစာမီဒီယာတွေတောင်မှ ယွီချင့်ဟွမ်ရဲ့ Koi Luck နဲ့ပတ်သက်လို့ မနေနိုင်မထိုင်နိုင်ဟာသတွေပြုမိကြတော့သည်။

သတင်းစာမီဒီယာတွေရဲ့သြဇာလွှမ်းမှိုးမှုမှာ မကြာသေးမီနှစ်ပိုင်းအတွင်းတဖြေးဖြေးကျဆင်းလာသော်လည်းအိမ်များတွင်ရှိနေသည့်အငြိမ်းစားယူသက်ကြီးရွယ်အိုတွေမှာ ထိုသတင်းစာများ၏ ပင်တိုင်အားပေးသူတွေဖြစ်၏။

အစပိုင်းမှာတော့ ယွီချင့်ဟွမ်ရဲ့ Koi Title ဟာ အင်တာနက်ပေါ်မှာသာပျံ့နှံ‌နေခဲ့သည်။သတင်းစာမီဒီယာများ၏အလွန်အကျူးကိုဖော်ပြခြင်းခံလာရသောအခါ အဘွားကြီးတွေတောင်မှ သူ့အားမျက်မှန်းတန်းမိလာတော့သည်။

"အာ? ယွီချင့်ဟွမ်လား? ငါသူ့ကိုသိတာပေါ့! သူက Orange က Koi လေးလေ!"

"မင်းကမာမားကိုခေတ်နောက်ကျတယ်များမှတ်နေလား? ဒါကိုယ့်မအေကိုကိုယ်အထင်အမြင်သေးလိုက်တာပဲ ငါယွီချင့်ဟွမ်ကိုသိတာပေါ့ Orange မှာသရုပ်ဆောင်တဲ့ကောင်ငယ်လေး! ဒီသူငယ်လေးကတကယ့် Koi ပဲ"

"ဝိုး ယွီချင့်ဟွမ် ကံကောင်းတဲ့လူချောလေး သူ့ကသူ့မိသားစုကိုသေချာပေါက်ကြီးပွားတိုးတက်စေဦးမှာ! ငါ့အထင်က ဒီသူငယ်လေးကငါ့သားမက်ဖြစ်ခွင့်ရှိတယ်ဆိုတာပဲ!"

.....

အချိန်တခုလောက်အထိ ယွီချင့်ဟွမ်မှာကျော်ကြားမှုနှင့်အတူ ထိုအန်တီကြီးတွေရင်ဘတ်ထဲအကောင်းဆုံးသမက်အလောင်းအလျာတယောက်ဖြစ်နေခဲ့သည်။

သို့ရာတွင်ဇာတ်လမ်းမှာ ထိုမျှနှင့်မပြီးဆုံးသေးပေ။မီးလောင်ပေါက်ကွဲမှုဖြစ်စဥ်ကြီးကြောင့် Orange ဇာတ်ကားအဖွဲ့သားတွေမှာလည်းပေါ်ပြူလာဖြစ်လာကြသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now