Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၃)
စားဖိုဆောင်၏အမှိုက်စွန့်ပြစ်ရာ ဂျောင်တစ်ဂျောင်၌ စားပွဲထိုးတစ်ယောက်ကို ထုရိုက်နေသည့် Bazကို Hotel၏ Securityလေးယောက်ကအပြေးလာ၍တားလေသည်။
" Hey Master ဒီလိုထုရိုက်နေလို့မရဘူး "
ခွပ်..ခွပ်
အနောက်ကနေဖက်ကာလက်ကိုအတင်းလာချုပ်နေသည့် လုံခြုံရေးနှစ်ယောက်ကို ထပ်ထိုးလိုက်ပြန်သည်။
" မင်းတို့ကဘာမို့ ငါ့ကိုလာတားရဲတာလဲ"
Baz၏အသံသည် စားဖိုဆောင်တစ်ခွင် ခြင်္သေ့တစ်ကောင်ဟိန်းသကဲ့သို့ လွှမ်းမိုးသွားသည်။ Bazက အခုသွေးဆာနေတဲ့ ခြင်္သေ့တစ်ကောင်ထက်မပို..။
Ti.Ti
" စားဖိုဆောင်က Securityတွေ bossရဲ့ရုံးခန်းကိုလာခဲ့ပေးပါ..စားဖိုဆောင်က Securityတွေ bossရဲ့ရုံးခန်းကိုလာခဲ့ပေးပါ "Securityတွေရဲ့ ရင်ဘတ်ရှိ စကားပြောကရိယာလေး၏ အသံကြောင့် လဲကျနေသည့်နှစ်ယောက်ကိုထူကာ မပြေးရုံတမယ်လေးယောက်စလုံးပြန်ထွက်သွားသည်။ Bazလည်း ထိုအရာကိုကြည့်ပြီး ခနဲ့ပြုံး ပြုံးလိုက်သည်။
ယူနီဖောင်းအားကိုးပြီး Maxiyoကိုလာဟောက်ချင်လို့တော့မရဘူး.. Maxiyoကိုဟောက်ချင်ရင် ယူနီဖောင်းမလိုဘူး သေရဲဖို့ ပဲလိုတယ်.. Maxiyoတွေကယူနီဖောင်းကိုမကြောက်တတ်ဘူး..
Baz အရှေ့ရှိမသေရုံတမယ်ကွဲပြဲကာ သွေးတို့ပင်ယိုစိမ့်နေသည့်သူကိုကြည့်လိုက်ပြီး မကျေနပ်ချက်များတန်းစီနေသည်။ Bazထိုလူကို လွှတ်ပေးဖို့စိတ်ကူးမရှိပါ။
" မင်းကတော့ဆရာယုံစားပြီး ကံဆိုးသွားပြီ ဒါပေမဲ့ မင်းစိတ်ချပါ မင်းအနောက်ကို မင်းရဲ့သမီးလေးရော မိန်းမကိုရောပါထည့်ပေးလိုက်မှာ အဟက်.! "
သွေးပျက်ကာ ဖြူစွတ်သွားပြီး လည်ချောင်းလှုပ်ရုံသာတတ်နိုင်သည့်လူကို Bazအရသာခံကြည့်နေသည်။ ပြီးနောက် Bazသာအချိန်မမှီလိုက်ရင် ထိုလူနေရာမှာ နှလုံးသားရဲ့ပဲ့ကိုင်ရှင်ဖြစ်နေမည့်အကြောင်းတွေးမိ၍ Baz၏စိတ်တို့အစိုးမရတော့ချေ။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...