Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၆)
" ရပြီ ငါ့ကလေးတွေကို Maxiyoပြန်ပို့လိုက်တော့..။ ဒီမှာထားပြီး ငါ့ကလေးတွေကို လူသားမကျွေးချင်ဘူး "
Bazထရပ်ကာ Aceဘက်ကိုလှည့်ပြောလိုက်သည်။ Bazရပ်လိုက်သည်နှင့် ဟိုနှစ်ကောင်သည် ခြေထောက်ကိုပွတ်သီးပွတ်သပ်လုပ်လာပြန်သည်။ သဘောက သူတို့မပြန်ချင်သေးဘူးပေါ့။ Bazဆောင့်ကြောင့်ထိုင်ချကာ လက်ဖဝါးနွေးနွေးဖြင့် ခေါင်းနှစ်လုံးကို ပွတ်သပ်ပေးတော့ မျက်လုံးမှိတ်ကာ ဇိမ်ယူကြပြန်သည်။
" စကားနားထောင်။ ကောင်းကောင်းရှင်သန်ပေး။ အချိန်တန်ရင် ငါလာတွေ့မယ် "
Bazကိုယ်တိုင်ကလည်းမခွဲချင်သေးပေမယ့် မဖြစ်မနေလုက်ဆောင်ရမည့်အချက်ကြောင့် အမြန်ပြန်လွှတ်ရသည်။ ဒီကောင်တွေကို ဒီမှာထားထားရင် ဒီကလူတွေသေမှာ။ အကောင်းဆုံးအမဲသားတွေကိုသာကျွေးထားသည့် ဒီနှစ်ကောင်က လူသားကိုဆက်တိုက်စားမိသွားရင် ရန်လိုမှုပိုများလာပြီး Bazနဲ့ပါဝေးကွာသွားလိမ့်မယ်။
ဒီနှစ်ကောင်က Bazရဲ့စိတ်ကိုသိသည့်အလား ပေကပ်ကာ ရှူတည်တည်ကြည့်ပြီး ရပ်နေသည်။ Bazသည် တခြားလူတွေရှေ့မှာ ဟန်ဆောင်နိုင်ပြီး သူတို့နှစ်ကောင်ရှေ့မှာတော့ ဘယ်သောအခါမှဟန်မဆောင်နိုင်ခဲ့ပေ။
" ငါကဆိုးတဲ့ကလေးတွေကိုမချစ်ဘူး "
Bazထိုစကားပြောကာပြန်ထလိုက်ပြီး သူတို့နဲ့မလှမ်းမကမ်းက ကားရှိရာသို့ သွားခဲ့သည်။
Baz၏စကားကိုသိသည့်အလား ညှိုးနွမ်းစွာ ကွန်တိန်နာပေါ်တက်သွားသော Dino,Fino..။ အလာတုန်းကလို ဟိတ်ဟန်မရှိတော့ပဲ ညှိုးညှိုးနွမ်းနွမ်းဖြစ်သွားသောသူတို့ကို ဝန်ထမ်းတွေနှင့် Loganပါအံ့ဩရသည်။ တစ်ဆက်ထဲမှာပင် ကြီးမားသည့် မေတ္တာတရား၏
အငွေ့အသက်ကို ခံစားမိကြလေသည်။အားလုံးမေ့လျော့နေသည့်အခိုက်မှာ Bazသည် ကားကိုမိုင်ကုန်မောင်းပြီး ထွက်လာခဲ့သည်။
ကျန်ခဲ့သည့် Loganသည်တော့ အယောင်ယောင်အမှားမှား..။
" Tig Bazဘယ်သွားတာလဲစုံစမ်း။ တစ်ခုခုဆို ပြန်ခေါ်လာခဲ့ "

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...