BTLFAM (4) Unicode

7.8K 455 26
                                        

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၄)

ပဲရစ်မြို့၏ ညတာသည် Eiffel tower၏အလင်းရောင်နှင့်စတင်၍ နှင်းဖွဲများဖြင့် အဆုံးသတ်လေသည်။ ညတစ်ခု၏ အရှင်သခင်ဖြစ်တဲ့အမှောင်ထုသည် တဖြေးဖြေးထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် Eiffel tower၏ တင့်တယ်သောအ‌လင်းရောင်သည်လည်း ထွက်ပေါ်လာသည်။

နှင်းတဖွဲဖွဲကျနေသော ကားလမ်းထပ်တွင် ဖြေးညှင်းစွာမောင်းနေသော ကားတချို့သာရှိသည်။ လူအများစုသည် အလွှာအသီးသီးအသုံးပြုနိုင်သော စားသောက်ဆိုင်အမျိုးမျိုးတို့တွင် ကော်ဖီပူပူများ၊ဝိုင်ပုလင်းများ၊တန်ဖိုးကြီးအရက်များ၊ပေါင်မုန့်၊steak၊ပါစတာ အစရှိသော ‌အငွေ့တထောင်းထောင်းထနေသောအစားအစာများနှင့် ခန္ဓာကိုယ်ပူစေသော သောက်စရာများကို ရှေ့မှောက်တွင်ချထားလေသည်။

တချို့က မှိုင်တွေနေသည်။ တချို့က ခပ်စွေးစွေးဖြစ်နေသည်မှလွဲ၍ ကျန်အများစု၏အပြုံးများသည်တော့ နွေးထွေးလတ်ဆက်နေသည်။ Eiffel towerရှေ့၌လည်း ချစ်ခင်သူတချို့နှင့်ထိုင်နေကာ အကြင်နာတွေမျှဝေနေကြသည့် ပဲရစ်၏ညမြင်ကွင်းသည် ရသမျိုးစုံကိုလည်း ပေးနိုင်ပါသေးသည်။

Baz၏ကားလေးသည် လူရှင်းစပြုနေသော လမ်းမထပ်ဝယ် ပုံမှန်နှုန်းဖြင့် တရိပ်ရိပ်မောင်းနှင်နေသည်။ ကားတစ်စီးစ နှစ်စီးစတွေ့ရသော လမ်းမထပ်၌ Bazသည် သတ်မှတ်နှုန်းထပ်ပို၍ အရှိန်တင်ကာ မောင်းလေသည်။ နှင်းများကျနေသည့် လမ်းမထပ်၌ အပူပေးကရိယာများဖြင့် လမ်းရှင်းစေရန်ပြုလုပ်ထားသော လမ်းမထပ်၌ အရှိန်တင်မောင်းနှင်ခြင်းသည် အန္တရာယ်ရှိနိုင်သလို အဖမ်းခံရနိုင်သည်။

သို့သော် ယခုမောင်းနှင်နေသူမှာ Mr.Maxiyoဖြစ်သည့်အတွက် အရှိန်တင်မောင်းနှင်နေသည့် Mr.Maxiyo၏ ကားဖြတ်သန်းရာလမ်းမတွေ၏ CCTV recordတွေသည် အလိုလိုပျက်သွားမည်ဖြစ်သည်။ Maxiyoဂိုဏ်းက Mr.Maxiyoသွားသည့် နေရာတိုင်းကို GPSကြောင့်သိ၍ အလွယ်တကူဖျက်ချနိုင်ခြင်းပင်။

Ti..Ti

Love seatတွင် ကတ်ထူဘူးအမည်းရောင်လေးနှင့်တင်ထားသော ဖုန်းသည် အချိန်ကိုက်မြည်လာသည်။ Baz၏ဖုန်းကိုခေါ်နိုင်သော တစ်ဦးတည်းသောသူ(မ)ဖြစ်မည်ကို Bazအသေအချာသိနေ၍ ဖုန်းမကိုင်ဘဲ အရှိန်ပိုမြှင့်ပြီးမောင်းနှင်လိုက်သည်။

Behind the lust for a man(Complete)Where stories live. Discover now