Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၉)
တစ်ပတ်ကျော်သည်အထိ ချစ်ရသူကို အချုပ်ခန်းထဲထည့်ကာ ငြိမ်းအေးစေသော Loganသည် သူကိုယ်တိုင်တော့ ထိုအချုပ်ခန်းကျဉ်းလေးမှာတပ်ထားသည့်စောင့်ကြည့်ရေးကင်မရာများထားရာ အခန်းထဲ၌ ရှုတ်ထွေးလှသောစုံစမ်းရေးကိစ္စ၊အလုပ်ကိစ္စများကိုယူကာ နေ့မနား၊ညမနားအလုပ်လုပ်နေသည်။ ဒီကြားထဲ ကိုစိတ်တိုလေး ပြဿနာရှာသမျှကို ဒိုင်ခံဖြေရှင်းပေးရသည်။
ရှာဖွေလေ တွေ့ရှိလေဟုဆိုသလို Luciferနှင့်ဆက်နွယ်ကာ Loganကိုဖြုတ်ချချင်သည့် လုပ်ငန်းစုတွေနှင့် ဂိုဏ်းတွေအမြောက်အများတွေ့လာရသည်။ လုပ်ငန်းစုတွေကိစ္စကို Loganကဖြေရှင်းပြီး ဂိုဏ်းတွေကိစ္စကိုတော့ Maxiyo၏အကြီးအကဲနှစ်ယောက်က ကူညီကာဖြေရှင်းပေးသည်။ ဒီနေ့လဲ သတင်းကြီးတစ်ခုကို အစအနကောက်ရ၍ Logan CCTVအခန်းထဲကနေထွက်ကာ ကိုယ်တိုင်လှုပ်ရှားရလေသည်။ သတင်းသည် အမှန်ကို အကြီးအကြီးဖြစ်၍ Loganတစ်ယောက် Bazကိုပြောရန်ပြန်လာခဲ့သည်။ Logan အချုပ်ခန်းရှေ့အရောက်၌ အခန်းထဲတွင် Leoရှိသည်ကိုသိရ၍ CCTV roomထဲကိုပြန်လာပြီး Bazကိုထိုင်ကြည့်နေလိုက်သည်။
Leoရဲ့ Bazအပေါ်ထားတဲ့ သံယောဇဉ်တွေ နားလည်မှုတွေ ဂရုစိုက်ခြင်းတွေကိုမြင်ရတော့ Loganကိုယ့်ကိုကိုယ်အားငယ်မိသည်။
ငယ်ငယ်ထဲက လိုရာကိုရပြီး မပူမပင်ဘဝမှာနေရပေမယ့် ထမင်းဝိုင်းအေးအေး၊ ဆက်ဆံရေးအေးအေးတွေသာရသည်။Loganလိုချင်တာထိုသို့ဘဝမဟုတ်ဘဲ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စကြ၊ နောက်ကြ၊စိတ်ဆိုး၊စိတ်ကောက်ကြတဲ့ပုံမျိုးဖြစ်သည်။ အိမ်ထောင်ကျချိန်မှာလဲ ကိုယ့်အလိုကိုမလိုက်ပဲ ဂျစ်ကန်ကန်လေးပြုမူတာမျိုး၊ ကိုယ့်ကို လူတိုင်းနဲ့ သဝန်တိုပြီး စိတ်ဆိုးစိတ်ကောက်တာမျိုးကို လိုချင်တာဖြစ်သည်။
တစ်ယောက်ထဲအေးစက်စက်နေလာရ၍ ကိုယ့်ကိုခိုလုံကာ နွေးထွေးမှုပေးတဲ့လူမျိုးကိုပဲ Loganလိုအပ်သည်။ တကယ်တမ်း Loganအိမ်ထောင်ကျတာကျတော့ ကိုယ့်ကို လုံခြုံအောင်ထားပြီး စိတ်ချမ်းသာစေတဲ့ Bazဆိုတဲ့ ကိုယ့်ကိုကိုယ်ဒုက္ခပေးတဲ့ကောင်လေးကိုရသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...