Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၅)
ရက်သတ္တပတ်ကျော်ကြာပြီးနောက်..
ဆေးရုံ၏အငွေ့အသက်ကိုမုန်းသော Loganသည် တစ်ပတ်ကျော်သည်နှင့် အိမ်ကို မရမကပြန်လာခဲ့သည်။ ဒဏ်ရာဟာအရှင်းမပျောက်သေးပေမယ့် ပိုက်ဆံရှိသော Loganအဖို့ ပြီးပြည့်စုံခြင်းထက်ပြည့်စုံသော အပေါ်ယံဂရုစိုက်မှုအပြည့်ကို ရရှိ၍ သက်သောင့်သက်သာအနားယူနိုင်သည်။
Loganဆေးရုံဆင်းလာသည့်အချိန်ရော ဆေးရုံတက်နေချိန်အတောအတွင်းမှာပါ Bazတစ်ယောက် ပျောက်ခြင်းမလှပျောက်နေခဲ့သည်။ အတော်ဆုံးစုံထောက်တွေနဲ့ စုံစမ်းတာတောင် ယခုထိBazဘယ်မှာမှန်းမသိရသေးချေမို့ Logan၏စိတ်အခြေအနေသည် ပေါက်ကွဲခါနီးမီးတောင်တစ်ခုလို ပူပြင်းလှသည်။
တစ်ဖက်ကလည်း စိတ်ဆိုးကာ နောင်တရမိပြန်သည်။
နောက်မှရတတ်တဲ့နောင်တတွေက လည်ချောင်းထဲကို ချော်ရည်ပူလောင်းချသလို သိသိသာသာပူပြင်းပြီး ခံစားရခက်စေတယ်။ စိတ်ဝိညာဉ်ကိုလည်း ရှက်ရွံစေတယ်။
Logan ကျန်းမာရေးအခြေအနေကြောင့် ညနေခင်းမှာ ခြံထဲလမ်းဆင်းလျှောက်နေခဲ့သည်။ Logan၏စိတ်အခြေအနေကြောင့် စံအိမ်တစ်ခုလုံးအပ်ကျသံတောင် မကြားရချေ။ ညနေစောင်း၌ ကန်ရေပြင်နှင့်မြက်ခင်းနုကိုတိုက်ခတ်တဲ့ အေးမြမြလေပြည်ညင်းသည် စိတ်၏ပင်ပန်းမှုကို တစ်ခဏတာဖြေဖျောက်နိုင်သည်။
သို့သော် လေပြည်၏အေးမြမှု၊စံအိမ်ရဲ့တိတ်ဆိတ်မှု၊အိမ်ကြီးရှင်ရဲ့အေးစက်မှုတွေပေါင်းလိုက်ပါက ခြောက်ခြားဖွယ်ရာပင်။
ထိုခြောက်ခြားဖွယ်ရာအခြေအနေ၌ Loganလက်နှစ်ဖက်နောက်ပြစ်ကာ လမ်းလျှောက်နေခဲ့သည်။ များမကြာမီမှာပင် ထိုခြောက်ခြားဖွယ်ရာအခြေအနေမှ မီးလျှံတို့တောက်ပလာသလို တရှိန်းရှိန်းတောက်လောင်နေသော အိမ်ကြီးရှင်၏ဒေါသကို တွေ့ရပေတော့သည်။
ကျွီ.!
ကားဘရိတ်အုပ်သံကျယ်ကျယ်ထွက်ပေါ်လာသည်မို့ Loganစင်ဝင်အောက်ကိုလှမ်းကြည့်လိုက်သည်။ အနက်ရောင်တောက်ပြောင်နေကာ Maxiyoတံဆိပ်ပါသော ကားကိုတွေ့လိုက်ရသည်မို့ Loganပြုံးပြီး စင်ဝင်အောက်ကိုခြေလှမ်းကျဲကျဲလျှောက်လာခဲ့သည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...