Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၃)
Baz သူ၏လက်ဖဝါးရှိ သွေးတို့ကို ရေပြင်ညီလိုမျက်နှာမျိုးနှင့် ကြည့်နေမိလေသည်။ ထိုသွေးစက်များသည် Baz၏နှလုံးအိမ်ကို မီးစနှင့်ထိုးနေသလို ဆူးတမြေ့မြေ့..။ ဦးခေါင်းတစ်ခုလုံးကိုလည်း ကျဉ်ကာ ထုံဝေစေသည်။
သတိလက်လွတ်ဖြစ်နေသော Bazသည် သူ၏ခန္ဓာကိုယ်ပေါ် ယိုင်ကျလာသော တစ်စုံတစ်ရာကိုတော့ မလွှတ်တမ်းစုတ်ကိုင်ထားသည်။ အလျင်အမြန်ဖြစ်သွားသော ဖြစ်ရပ်တို့ကြောင့် Baz ကြောင်စီစီဖြစ်နေသည်။
" ဘာကြောင့်..လဲ "
Baz၏ လည်ချောင်းတွေသည် ကွဲအက်နေပြီး အသံတစ်ခုထွက်ဖို့ကို မနည်းကြိုးစားနေရလေသည်။
" သတိကပ်စမ်း Baz "
April၏ သေနတ်သံအကြားမှ လမ်းအော်မှုကြောင့် Bazအသိတရားတို့ဝင်လာကာ ရုတ်ချဉ်းမြင်လိုက်ရသော မြင်ကွင်းကြောင့် ခြေထောက်များမခိုင်တော့ပဲ ခွေကျချင်နေသည်။
မြေခွေးပြစ်လိုက်သော ကျည်သည် Baz၏နှလုံးအိမ်ကိုထိမှန်သွားသည်။ စင်စစ်ခန္ဓာကိုယ်ကိုမှန်ရင်တောင် Bazပျော်ပျော်ကြီးသေမှာဖြစ်သည်။ သို့သော် ယခုထိမှန်သောအရာသည် Baz၏သက်ရှိနှလုံးအိမ်ဖြစ်နေသောအခါဝယ်..။
Logan Bazရောက်နေသည်ကို သိ၍ အပေါ်ထပ်မှဆင်းအလာ ကောက်ကျစ်လှသောမြေခွေးသည် Bazကိုသတ်ရန်ကြံစည်နေသည်မို့ ဘေဘီပုစိကို အရှေ့ဘက်သို့ပိုက်ကာ ကျည်ဆံနှင့် Bazကြားထဲသို့ ဝင်ရပ်ပြီး Baz၏ကိုယ်ကို လှမ်းဖက်လိုက်လေသည်။
ထိမှန်သောနေရာသည် ဝဲဘက်ကျောပြင်မို့ သိသိသာသာသွေးများကျဆင်းလာလေသည်။
" လုပ်ကြပါအုံး.! ဆရာဝန်..ဆရာဝန် အမြန်ခေါ်ပေးကြပါ "
ကြမ်းပြင်ပေါ်၌ ထိုင်ချကာ Logan၏ကိုယ်ကို ပေါင်ပေါ်တင်လျက် အရူးတစ်ယောက်လို အော်ဟစ်နေလေသည်။
Bellaနှင့်Aprilမြေခွေး၏အလစ်၌ ချောင်းတိုက်လေတော့ မြေခွေးသည် အညံ့ခံရပေသည်။ တိုက်ပွဲသည်လည်း ခေါင်းဆောင်၏ညံ့ဖျင်းမှုကြောင့် ကျရှုံးသွားချေသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...