Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၈)
ဒေါက်.! ဒေါက်.!
တံခါးခေါက်သံကြောင့် Baz၏မျက်လုံးတို့ပွင့်လာခဲ့သည်။ တစ်ဆက်ထဲမှာပင် နှုတ်ခမ်းတို့ကွေးညွတ်သွားသည်။
တစ်စုံတစ်ယောက်ကိုမျက်နှာမူပြီးနိုးထရသည့် မနက်ခင်းက ဤမျှပျော်ဖို့ကောင်းသည်လား Bazမသိခဲ့ချေ..။
Logan၏ဗိုက်ပေါ်၌တင်ထားမိသော လက်တို့ကို အသာ,မ ယူလိုက်သည်။ ပြီးနောက် ပြေပြစ်ပြစ်နှဖူးပေါ်ရှိ ဆံနွယ်တချို့ကို ခပ်ဖွဖွဖယ်ပြီး နှုတ်ခမ်းဖြင့်ထိရုံနမ်းလိုက်သည်။ နှာတံဆင်းဆင်း၏ထိပ်ဖျားကိုလည်း ခပ်ဖွဖွနမ်းလိုက်ပါသေးသည်။
ဤလူသားသည် အိပ်နေသည့်အချိန်တောင်မှ အရှိန်အဝါမလျော့သွားချေ..။ နှုတ်ခမ်းကိုပင်ခိုးမနမ်းမိအောင်သတိထားရသည်အထိ Bazကိုသိမ်ငယ်အောင်လုပ်နိုင်သေးသည်။
Baz ဘေးဘက်ရှိ စားပွဲပေါ်တွင် အဆင်သင့်ရှိနေသော တဘက်အညိုတစ်ထည်ကို ခါးမှာပတ်ပြီး ထလာခဲ့သည်။
တချို့နေရာတွေသည် နာကျင်မှုရှိပါသော်လည်း Bazလို Mafiaတစ်ယောက်အတွက်မှုစရာမဟုတ်ချေ..။
ကျွီ..
" ဘာကိစ္စရှိလို့လဲ Ace "
" Ms.ကအခုပြန့်နေတဲ့ သတင်းတွေကို အသိပေးခိုင်းလို့ပါ Master "
Aceသည် လက်နှစ်ဖက်ကိုအရှေ့မှာယှက်လိမ်ပြီး ခေါင်းငုံ့ကာရိုရိုသေသေပြောသည်။ ယှက်လိမ်ထားသည့်လက်ထဲ၌ ipadတစ်ခုကို ကိုင်ထားသေးသည်။
" ကောင်းပြီ..ဝင်ခဲ့.."
Bazအရှေ့ကနေ ဆိုဖာရှိရာလျှောက်လာသည်။ ဆိုဖာပေါ်၌ ခပ်လျှောလျှောထိုင်ပြီး ခြေနှစ်ချောင်းကို အရှေ့ရှိစားပွဲပေါ်တင်ထားလိုက်ပြီး ဝီစကီတစ်ခွက်ကိုလှုပ်ရမ်းကာ တစ်ငုံမော့လိုက်သည်။ စီးကရက်ကိုလည်း ရဲနေသည်အထိမီးညှိကာ ရှိုက်ချလိုက်သည်။
Baz၏ Breakfastသည် ယမကာနှင့်သူ၏အပေါင်းအဖော်များပင်ဖြစ်သည်။
Baz၏ရှေ့၌ ခေါင်းငုံ့ကာရပ်နေသူသည် Aceဖြစ်သည်။ Maxiyoဂိုဏ်းသားတိုင်းတွင် ခေါင်းဆောင်၏အိပ်ခန်းထဲကို ဘယ်တော့မှမျက်စိမသရမ်းတတ်သည့် အမူအကျင့်ကောင်းတစ်ခုရှိသေးသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...