BTLFAM (20) Unicode

5.3K 362 22
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၂၀)

Bazရဲ့ အချုပ်ခန်းထဲ၌ သောင်းကျန်းနေသော အသံကို လျစ်လျူရှုကာ ကိုယ်ပိုင်လေယာဉ်ကွင်းရှိရာသို့ ထွက်လာခဲ့သည်။

အခန်းထဲရှိ Bazတစ်ယောက်တော့ အော်ဟစ်ကာသောင်းကျန်းနေသည်။

" ကျုပ်ကခင်ဗျားထားခဲ့တဲ့နေရာမှာ စောင့်နေခဲ့မယ့်နယ်ရုပ်မဟုတ်ဘူး။ ကျုပ်ကသက်ရှိဗျ..သက်ရှိ "

ခွမ်း.! ဒုတ်.! ဒုတ်.!
ဈေးကြီးသည့်ဝိုင်ပုလင်းတွေသည်လည်း Baz၏ဒေါသဖြေရာဖြစ်နေသည်။ ထောင်နံရံသည်လည်း Baz၏စိတ်ထွက်ပေါက်ပေးရာ နေရာဖြစ်နေသည်။ သို့သော် လက်ခလယ်ရှိ လက်စွပ်ကိုတော့ မချွတ်ပြစ်ပေ။

" Baz စိတ်လျော့ပါအုံးကွာ။ စိတ်လျော့ထားပါအုံး "

အနောက်မှ သိုင်းဖက်ကာ သွေးရွဲနေသည့် လက်ကိုချုပ်ကာ ဒေါသတည်ငြိမ်စေသည်။ သို့သော် တရှူးရှူး တရှားရှားဖြစ်နေသော Bazသည် ကူကယ်ရာမဲ့နေချေသည်။

" ငါက ငါကသက်ရှိလေကွာ။ သူထားခဲ့ရာနေခဲ့မယ့် နယ်ရုပ်မဟုတ်ဘူး။ သူစွန့်ပြစ်ချင်တိုင်း စွန့်ပြစ်ပြီး ပြန်ကောက်ယူတိုင်းပါသွားရမယ့် စီးကရက်တစ်လိပ်လည်း မဟုတ်ဘူး "

Leo၏ပုခုံးကို အားကိုးတကြီး စုတ်ကိုင်ကာ Bazသည်းကြီးမည်းကြီးကို ငိုကြွေးနေသည်။

" တကယ် နာကျင်ရတယ်။ သေခါနီးအချိန်တောင် အနားမှာမရှိတဲ့လူက ပြန်လာမယ်ပြောတဲ့ စကားကို ငါဘယ်လိုယုံရမှာလဲ။ ဒီတစ်ခါနဲ့ဆို သူသုံး‌ခါမြောက် ငါ့ကိုစွန့်ပြစ်ပြီးပြီ စွန့်မပြစ်အောင်လို့ သူ့အလိုကျနေခဲ့တာတောင်မှလေ.."

Leo Bazရဲ့ခေါင်းကိုအသာဖိကိုင်ကာ..

" သူပြန်လာတဲ့အခါ မင်းတို့နှစ်ယောက် သေချာညှိနှိုင်းကြည့်ကြရင် အဆင်ပြေသွားမှာပါ။ ငါက အပြင်လူဆိုတော့ မင်းတို့နှစ်ယောက်ကြားကို ဝင်ပြီးမခံစားပေးနိုင်တဲ့အတွက် အကောင်းဆုံးအကြံလည်း ပေးနိုင်မှာမဟုတ်ဘူး "

" အင်း..ဒီတစ်ခါဆိုရင်တော့ ငါကပြန်စွန့်ပြစ်မိမယ်ထင်တယ်။ ငါတကယ်နာကျင်ရတယ် "

Behind the lust for a man(Complete)Where stories live. Discover now