BTLFAM (14) Unicode

4.7K 358 22
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၁၄)

ညဉ့်နက်လာလေ ပတ်ဝန်းကျင်၏အသံတွေသည် တိုးတိတ်လာလေလေဖြစ်သည်။ ထိုအထဲမှ ကောင်းကင်ယံကိုကြည့်ကာ သက်ပြင်းခဏခဏချနေကြသည့် လူသုံးယောက်သည် တမူထူးခြားနေလေသည်။

ဘာအကြောင်းများရှိလို့ပါလိမ့်..။

Aprilသည် Bellaကိုလှမ်းကြည့်လိုက်သည်။ Bellaသည်လည်း ခေါင်းညိမ့်ပြလေသည်။

" Baz ငါပြောစရာရှိတယ်..မင်းသိချင်ပါ့မလား မသိပေမယ့် ဒီနှစ်တော့ ငါပြောမှဖြစ်မယ် "

April၏ စကားပလ္လင်ခံမှုကို ဝိုင်သောက်မပျက်ဘဲကြည့်နေသော Baz..။ Baz၏မျက်နှာအမူအရာကို စူးစမ်းနေသော Bella..။

" ဒီကိစ္စ မင်းကိုဖုံးကွယ်ထားတာ (၂၈)နှစ်ရှိပြီ.."

Aprilလေးလေးပင်ပင်ပြောနေလေသည်။ ကိုယ့်အစ်မဖြစ်သူ၏ အချစ်ကြီးသလို အမျက်ကြီးရသည့်အကြောင်းကို တူဖြစ်သူနားလည်ပါမည်လား။ လွန်ခဲ့တဲ့(၂၈)နှစ်ကထဲက ဒီအကြောင်းအရာကိုBazအိမ်ထောင်ကျပြီးတော့မှ သူ့ရဲ့မွေးနေ့မှာ ပြောပြမယ်ဟူ၍ သူမတို့နှစ်ဦးဆုံးဖြတ်ခဲ့ကြသည်။ သူမတို့ ဆုံးဖြတ်ချက်သည် မှန်ပါ့မလား။

" မင်းMommyပိုးလုံးလေးရဲ့ အလောင်းကို ငါတို့မီးမသင်္ဂြိုလ်ထားဘူး..ဆေးရည်စိမ်ပြီး..."

Bazသည် လက်ကာပြလိုက်ပြီး လက်ထဲရှိဝိုင်ကို မော့လိုက်သည်။ သူသည် လေးဖင့်နေသော စကားတွေကိုမကြားချင်ပေ။

" Relax Ladies..ဒီကိစ္စတွေကို ကျွန်တော်မသိဘူးလို့ထင်ကြတာလား..နိုး နိုး..နံရံတိုင်းမှာ နားတွေရှိတယ်..ကျွန်တော်သိတာ (၁၈)နှစ်ကျော်ကျော်ပဲရှိသေးတယ်.."

" ဟင်..သားက သိနေခဲ့တာလား "

Maxiyo၏ဂိုဏ်းခေါင်းဆောင်သည် မျက်နှာငြိုးကျသွားလေသည်။ သူမသည်လည်း ဘာသားနဲ့ထုထားတာမို့လဲ.. သူမလည်း သူမသား၏အမုန်းကိုမခံနိုင်ပါ။

" ကျွန်တော်သိနေခဲ့တယ်..ဒါပေမဲ့ Momကမသိစေချင်တဲ့ကိစ္စကို ကျွန်တော်အတင်းမမေးချင်ဘူး..သိနေခဲ့ပေမဲ့ Momကိုကျွန်တော်နားလည်တယ်..ကျွန်တော်ဆိုရင်လည်း ဒီလိုလုပ်မိမယ်ထင်တယ် "

Behind the lust for a man(Complete)Where stories live. Discover now