BTLFAM (21) Unicode

5.1K 331 6
                                    

Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)

အပိုင်း(၂၁)

Loganတစ်ညလုံး ရင်ခွင်မှာ ငါးနှစ်သားအရွယ်ကောင်လေးရဲ့ပုံကိုပိုက်ကာ အခန်းထောင့်က ထိုင်ခုံမှာထိုင်ပြီး အကြောင်းအရာတစ်ခုထဲကို ကြိမ်ဖန်များစွာစဉ်းစားနေခဲ့တယ်။ သက်သောင့်သက်သာကုတင်ပေါ်မှာမအိပ်ရဲသည်အထိ ထိုအကြောင်းအရာကိုသူ့ကိုစိတ်သက်သာမှုမရစေဘူး။

သူ့ရဲ့နှလုံးသားအနက်ရှိုင်းဆုံးမှာရှိတဲ့ အချစ်သီဟိုရီကမှားယွင်းနေခဲ့သည်လား။ မိဘတွေရဲ့ရန်ပွဲကိုနေ့စဉ်နေ့တိုင်းမြင်တွေ့လာရတဲ့ ကလေးတစ်ယောက်က ကိုယ်ကိုယ်တိုင်ရဲ့ အိမ်ထောင်ရေးနဲ့အိမ်ထောက်ဖက်အပေါ်စံနှုန်းကို ငယ်စဉ်ထဲကတွက်ချက်လာမိတဲ့ ကလေးသာသာအမှားပေမယ့် တစ်စုံတစ်ယောက်ကို ထိခိုက်စေတဲ့အခါမှာတော့ နောင်တတရားတို့ဖြစ်တည်လာတဲ့ အမှားအဖြစ်စို့ တစ်မဟုန်ချင်းပြောင်းလဲသွားခဲ့သည်။

အိမ်ထောင်ရေးတစ်ခုရဲ့ အဆိပ်က နှလုံးသားတစ်ခုလုံးကို မွန်းကြပ်စေခဲ့သည်။

Loganမျက်လုံးကိုမြှေးစင်းကာ ထိုင်ခုံရဲ့နောက်မှီပေါ်သို့ ခေါင်းတင်လိုက်ပြီး သက်ပြင်းမောများချနေမိသည်။ တစ်ဆက်ထဲမှာပင် စွမ်းအားရှင်တစ်ယောက်လို အချိန်တွေကိုနောက်ပြန်ဆွဲပြီး (၇)နှစ်သားအရွယ် Bazနဲ့ စတင်တွေဆုံစေခဲ့တဲ့အချိန်မှာပဲ ရပ်တန့်ထားချင်သည့် ရူးကြောင်ကြောင်အတွေးကိုလည်း တွေးမိနေသည်။ ကိုယ့်အတွေးကိုယ်ပြန်စဉ်းစားမိတော့ နက်နက်ရှိုင်းရှိုင်း ရယ်မောမိသည်။

အတွေးတွေကအစ ရူးကြောင်ကြောင်နိုင်နေတာ ဘုရားသခင်က ဒဏ်ခတ်ခြင်းနောက်တစ်မျိုးပဲလား။

ဒေါက်.!* ဒေါက်.!*

တံခါးခေါက်သံကြောင့် Logan မျက်လူံကိုဖွင့်ကာ ဓာတ်ပုံကို စားပွဲပေါ်ပြန်တင်ခဲ့ပြီး တံခါးကိုဖွင့်ပေးလိုက်သည်။ စိတ်မရှည်တတ်သော Aprilသည် Loganကိုတွန်းဖယ်ကာ အခန်းထဲသို့ ဝင်လာပြီး မွေ့ရာပေါ်မှာကျကျနနခြေချိတ်ထိုင်နေသည်။

" ဘာလာလုပ်တာလဲ "

" ငါခြံထဲကိုဆင်းတော့ မင်းအခန်းမီးဖွင့်ထားတာတွေ့လို့..။ မအိပ်ဘဲ Bazရဲ့ ဓာတ်ပုံကိုကြည့်နေတာတော့မဟုတ်လောက်ပါဘူးနော်"

Behind the lust for a man(Complete)Where stories live. Discover now