ရေးပြီးရင် သိမ်းမထားတတ်တဲ့လူမို့ ကျွန်တော်ရေးပြီးတာနဲ့ တင်ပေးတာပါ။ ကျွန်တော့်ရဲ့ ဇာတ်လမ်းကိုက မီးနီတစ်ခန်းပါတာမို့ မီးနီဖျောက်မထားပါဘူး။ ကျွန်တော် သင်္ကြန်အမှီ ဒီဇာတ်လမ်းကို ဇာတ်သိမ်းမှာပါ။ ကျွန်တော်အခုတလော SE Movieတွေကြည့်ဖြစ်နေလို့ SEရင်ကောင်းမလားစဉ်းစားမိနေပြန်တယ်။
Call me by your name
Summer Of 85ကို ကြည့်ဖို့recommendပေးပါတယ်နော်။ ဒီညက SO85ကြည့်ပြီးမှ ကျွန်တော် ဒီအပိုင်းအပြီးသတ်တာမို့ နောက်ကျသွားတာ ခွင့်လွှတ်ပါ။
_________________________________________
Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၂၂)
ထွက်သွားဖို့ ခြေလှမ်းနေသည့် သူမ၏ခြေလှမ်းတွေသည် ယိုင်နဲ့စွာရပ်တန့်သွားလေသည်။ တကယ်ကို နတ်ဆိုးတစ်ကောင်လိုရယ်မောနေသည့် သူအရှေ့မှာ သူမတစ်စက္ကန့်တောင်မနေချင်ပေမယ့် သူမ၏ခြေချောင်းတွေသည် အမိန့်မနာခံစွာ ရပ်တန့်နေသည်။
" ကဲ..ထားပါ။ မင်းကို မိန်းကလေးမို့သက်ညှာပေးလိုက်မယ်။ ရင်းနီးဖို့ငွေအချို့ပေးလိုက်မယ် မင်းဒီနိုင်ငံနဲ့အဝေးဆုံးကိုထွက်သွားပေး။ ဘေဘီပုစိကို မနှောက်ယှက်ဖို့လည်း ကတိပေးခဲ့ "
" ကောင်းပြီ။ ကျွန်မကို လူလတ်တန်းစားလိုရပ်တည်နိုင်အောင် ထောက်ပံ့ပေးပါ။ ကလေးနဲ့ဆက်နွယ်လာစရာအကြောင်းမရှိဘူး။ ကျွန်မက အငှားကိုယ်ဝန်ဆောင်သာသာပဲ"
လူတွေကကိုယ့်အဆင့်အတန်းကို ကိုယ့်ပါးစပ်ကနေပဲ ဖော်ပြကြတယ်ဆိုတဲ့ စကားသည် တကယ်ကိုမှန်လွန်းနေသည်။ ဘယ်လောက်ဘဲ ရွှေပေါ်မြတင်ထားထား ခွက်ဆွဲချင်သူကတော့ ကိုယ့်စိတ်ကိုညှဉ်းပမ်းပြီး ကိုယ့်အဆင့်အတန်းကိုယ်ထိုးချနေမှာပဲ။
" ကောင်းပြီ..ဒီမှာ မင်းလိုချင်တဲ့ပမာဏကိုရေးပြီး ထုတ်လိုက်။ ဒီစာချုပ်မှာတော့ မင်းလက်မှတ်ထိုးပေးရမယ်။ ပြီးတော့ ဒီကိစ္စကိုယ် မင်းနဲ့ ငါပဲသိစေချင်တယ်"
Loganကြိုတင်ပြင်ဆင်ထားသည့် စာချုပ်ကိုယူကာ စားပွဲခုံပေါ်ချပေးတော့ သူမသည်အနားကပ်လာကာ ချက်ချင်းလက်မှတ်ထိုးပြီး ချက်စ်လက်မှတ်ကိုယူလိုက်သည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...