Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၇)∅
ဒီအခန်းသည် Warningအခန်းဖြစ်ပါသည်။ မကြိုက်တဲ့လူများမဖတ်ဖို့ မေတ္တာရပ်ခံပါသည်။ ဇာတ်လမ်းအရ မပါရမဖြစ်မို့လို့ပါ။ ဘယ်အစိတ်ပိုင်းကိုမှ အရင် versionကနေပြန်ပြောင်းထားခြင်းမရှိပါဘူး။
________________စန္ဒရားသံယဲ့ယဲ့လေးသည် မီးရောင်တဖိတ်ဖိတ်တောက်နေသည့် ခန်းမကျယ်အတွင်း၌ပျံ့နှံ့နေသည်။ ခပ်ပြင်းပြင်းရေမွှေးနံ့နှင့်အတူ ခပ်ပြင်းပြင်းယမကာရနံ့သည်လည်း စန္ဒရားသံနှင့်နည်းတူ ပျံ့လွင့်နေသည်။
ထိုခန်းမ၏အရှေ့၌ တစ်စီးပြီးတစ်စီးရောက်လာသော တန်ဖိုးကြီးကားတွေထပ်က ဂုဏ်သရေရှိလူကြီးမင်းတွေ..။ ဒီခန်းမထဲတွင် ဝန်ကြီးချုပ်၏သမီးရဲ့ မင်္ဂလာပွဲရှိလေသည်။ ထိုမင်္ဂလာပွဲသည် တွဲဖက်ပါခေါ်လာစေရန်တိုက်တွန်းထားသည်မို့ လူကြီးမင်းအများစုသည် သိပ်ချော၊သိပ်လှသည့်ကောင်မလေးတွေကို ခေါ်လာကြသည်။
ထိုထဲတွင်တော့ ထူးခြားသည်က...။
" Mr.Blakeimotanလာပြီဟ.."
သတင်းထောက်တစ်ယောက်၏ ဆော်ဩမှုကြောင့် အုံကြွလာကြသည်။ ပြီးနောက် တိခနဲရပ်သည့် မာစီးဒီးကားအနက်ကြီးထဲကို မမြင်ရသော်ငြားလဲ အကဲခတ်နေကြသည်။
Mr.Blakeimotanသည် သူ၏မကြာသေးခင်ကမှလက်ထပ်ထားသော ယောင်္ကျားနှင့်ပွဲတက်မည်လော..။
၎င်းတို့၏ ထင်မြင်ချက်တွေသည် အလွဲကြီးလွဲနေခဲ့သည်ဆိုတာကို Mr.Loganဖက်ထားသော ခါးသေးသေးလေးရဲ့ပိုင်ရှင်ကောင်လေးက သက်သေပြုနေသည်။
ကောင်လေး၏ခါးကို တစ်ချက်မှလွှတ်မပေးဘဲ ခန်းမထဲသို့ဝင်သွားသော Loganကြောင့် သတင်းသမားတွေသည် သတင်းခေါင်းစင်ကြီးကြီးရလိုက်သည်မို့ ပျော်နေကြလေသည်..။
" ဟာ Mr.Loganရောက်လာပြီလားဗျ
လာဗျာ "ဝန်ကြီးချုပ်သည် အပြေးအလွှားလာခေါ်ပြီး VVIPဝိုင်း၌ နေရာချပေးသည်။ Loganဟူသောအသံကြောင့် ခန်းမအတွင်းရှိလူများ၏အကြည့်သည် စုပြုံရောက်လာသည်။ ဘေးနားရှိကောင်လေးကိုလည်း အံ့ဩသလိုကြည့်သွားကြသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...