Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၀)
ဆောင်းည၏ညဉ့်ဦးယံတွင် ငါးစီးထက်မနည်းသော ယာဉ်တန်းကြီးသည် ကားရှင်းသောလမ်းမထက်၌ ရှိန်နှုန်းပြင်းစွာမောင်းနှင်နေသည်။ Bellaတို့သည် လမ်းတစ်ဝက်၌ လာကူသည့်အဖွဲ့နှင့်ဆုံ၍ ရှေ့ဆက်မသွားခိုင်းပဲ အဖွဲ့အားလုံးကိုပြန်ခေါ်လာခဲ့သည်ဖြစ်၍ လူအင်အားများနေခြင်းဖြစ်သည်။ ဒီကိစ္စက ဒီလိုတိုက်ခိုက်နေရင် သူ့အမှားကနေ ကိုယ့်အမှားအဖြစ် အလွယ်လေးကူးပြောင်းသွားမည်လေ..။
" Vam ဆရာဝန်ကိုဖုန်းဆက်ထားလား "
" ပင်မစခန်းကနေ ထွက်လာပြီလို့ပြောပါတယ် "
" အင်း ပြီးတော့ ဒီကောင်မလေးအကြောင်းစုံစမ်းပေး "
" အမိန့်အတိုင်းပါ "
ပေါင်ပေါ်၌ တင်ထားသည့် ထိုအမျိုးသမီးလေး၏ ရွှေအိုရောင်ဆံနွယ်တချို့ကို သပ်တင်ပေးပြီး နှဖူးပြေပြေလေးကို ယုယုယယထိကိုင်နေသည်။ သွေးထွက်လွန်ထား၍ ဖြူဖျော့နေသည့် နှုတ်ခမ်းနှင့် အရောင်အသွေးမရှိတော့သော မျက်နှာလှလှလေးသည် မြင်သူတိုင်းကိုသနားချစ်ခင်စေမှာ အမှန်ပင်..။
Bellaတို့ ယာဉ်တန်းကြီးသည် အချိန်ခဏအတွင်းမှာပင် Maxiyo၏ပိုင်နက်အတွင်းသို့ရောက်လာသည်။ စံအိမ်အနီး၌ စုစုရုန်းရုန်းဖြစ်နေကြ၍ ကားရပ်သည်နှင့် Bellaအမြန်ဆင်းကာ သွားကြည့်သည်။
" ဒါဘာတွေဖြစ်နေကြတာလဲ.! "
Bella၏အမိန့်ဆန်သော အသံကြောင့် စုရုန်းနေသည့်လူများသည် တစ်ဖက်သို့ကပ်ပေးကြသည်။
" ဒါဘယ်လိုဖြစ်တာလဲ "
လူနှစ်ယောက်သည် စုတ်ဖြဲခံရသည့် အသွင်ဖြင့် မှောက်ခုံဖြစ်ကာ သေနေလေသည်။
" ကျွန်တော်တို့ လာကြည့်တော့ ဒီနှစ်ယောက်ကသေနေပါပြီ သခင်မလေး "
" အင်း..သူတို့ဂုတ်ပိုးကိုလှန်လိုက် "
ဘယ်သူ့ကြောင့် ဘာကြောင့်..ကိုမမေးတော့ပဲ သိချင်တာကိုတန်းခိုင်းလိုက်သည်။ ဘာကြောင့်ကတော့ ဂုတ်ပိုးကိုမြင်ရမှသိမှာဖြစ်ပြီး ဘယ်သူ့ကြောင့်ကတော့ အနီး၌အဖြူရောင်လည်စံမွှေးမှာ သွေးကိုယ်စီစွန်းနေသော တာဝန်ကျေသော ခြင်္သေ့နှစ်ကောင်ကြောင့်ဖြစ်ပေမည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...