Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၅)
Maxiyoဂိုဏ်း၏ ဂိုဏ်းသားလေ့ကျင့်ရေးခန်းမကျယ်ကြီး၏ အပေါ်ဆုံးအထပ်၌ ဟယ်ရီကော်ပတာဆင်းကွင်းရှိရာသို့ အခြွေအရံများခြံရံကာ ခြေလှမ်းသွက်သွက်လျှောက်နေသူသည် ဂိုဏ်း၏ပဲ့ကိုင်ရှင်အမျိုးသမီးပင်..။ ဟယ်ရီကော်ပတာ၏ ပန်ကာမှထွက်သောလေတွေကြောင့် သူမ၏ဝတ်ရုံအနက်သည် လေထဲသို့လွန့်လူးနေသည်။ သူမသည် လက်အိတ်မှအစ ခေါင်းအစခြေအဆုံး အမည်းရောင်သာဝတ်ထားသည်။ အသက်(၅၀)ဟုမထင်ရလောက်အောင်အရွယ်တင်ပြီး သွက်လက်ချက်ချာသောအမျိုးသမီးပါလေ..။
" Vam(ဗမ်) ဟိုမိန်းမကို ဂိုထောင်ထဲထည့်ထားလိုက် ငါပြန်လာတာနဲ့ရှင်းမယ် "
သူ(မ)၏ဟယ်ရီကော်ပတာအပေါ်မတက်ခင် တဖွဖွမှာနေသောစကားသည် လူဖမ်းဖို့ပင်ဖြစ်သည်။ ယခင်အစီအစဉ်အရ..သူ(မ)သည် ဒီနေ့နေ့လည်တွင် အမျိုးသမီးတစ်ယောက်ကို သူ(မ)လက်နှင့်ကိုယ်တိုင် အေးအေးဆေးဆေးသတ်ဖြတ်နိုင်ပေမယ့် ရုတ်တရက်ပေါ်လာသော အရေးပေါ်ကိစ္စကြောင့် ထိုကိစ္စကိုဆိုင်းငံ့ထားရလေသည်။
" Vam ဒီကိစ္စကို Bazကိုမပြောနဲ့ "
မနက်ဖြန် အီတလီ၌ သူ(မ)တို့ထုတ်လုပ်သည့် လက်နက်အသစ်ကိုစမ်းသက်ရန် စီစဉ်ပြီးခါမှ အာဏာပိုင်တချို့၏ လုပ်ရက်၊ ပြိုင်ဖက်တချို့၏ ချောက်တွန်းမှုကြောင့် ကြန့်ကြာသွားတော့မည့် အခြေအနေကြောင့် အီတလီကိုသူ(မ) အမြန်လိုက်သွားပြီး ဒီကိစ္စကိုဖြေရှင်းရမည်ဖြစ်သည်။
သူ(မ)တို့ လက်နက်ထုတ်လုပ်ရေးသည် တစ်မျိုးသာ အမည်ခံပြီး အမျိုးပေါင်းမရေမတွက်နိုင်အောင်ထုတ်ထားတာမို့ အချိန်ကြန့်ကြာခဲ့ပါက ဝယ်လက်ပျက်ပြီး ဒေါ်လာဘီလီယံနှင့်ချီကာဆုံးရှုံးပေလိမ့်မည်။
သူ(မ)အတွက် ဒေါ်လာဘီလီယံနှင့်ချီကာဆုံးရှုံးလည်း ကိစ္စမရှိသော်ငြားလည်း သူ(မ)၏ ရှင်သန်ရာကြောင့် ဒီကိစ္စသည် အရေးပေါ်ဖြစ်သွားရတော့သည်။ Loganဆိုတဲ့ သူ(မ)၏သားမက်နှင့် သူ(မ)တို့သည် ကြွယ်ဝမှုပြိုင်ဆိုင်ရာတွင် ဘီလီယံအချို့သာကွာသည်မို့ ယခုလိုဆုံးရှုံးခဲ့ရင် သူ(မ)၏ ရှင်သန်ရာလေးသည် Loganအပေါ်ထပ်ရှုံးရပေလိမ့်မည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...