Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၃)
March.15.1994
ဒီနေ့သည် Maxiyoဆက်ခံသူ၏စံအိမ်ထဲတွင် ဟိုပြေးဒီပြေးဖြင့်ရှုတ်ယှက်ခက်နေလေသည်။ အကြောင်းက ဆက်ခံသူ၏အိမ်ထောင်ဘက် ဗိုက်နာနေလေပြီ။
" အား..အာ့ Mommyရေ အား "
အခန်းတစ်ခုထဲ၌ တိုင်တည်အော်မြည်းသံသည် ကျယ်လောင်စွာထွက်ပေါ်လာသည်။
အခန်းထဲ၌လည်း ခြေမကိုင်မိ၊လက်မကိုင်မိဖြင့် ချွေးတဒီးဒီးကျနေသော ဂိုဏ်းဆက်ခံသူလည်းရှိလေသည်။" အန်ကယ် ဒီအတိုင်းမွေးလို့ရပါ့မလား.."
" အန်ကယ် ကလေးက မထွက်လာသေးဘူးလား.."
" အန်ကယ်.."
တီ.! တီ.!
ဖုန်းလာသံကြောင့် Bellaအပြင်သို့အမြန်ထွက်ကာ ဖုန်းသွားပြောရလေသည်။" .... "
" ဘယ်လို.! ပြန်ပြောစမ်း.! "
" Fox၏လုပ်ကြံမှုကြောင့်ခေါင်းဆောင်ကျသွားပါပြီ Mrs. "
" ဘာ.! ဟား..ဘယ်လိုဖြစ်နိုင်မှာလဲ "
လက်ထဲရှိ ဖုန်းသည်ပြစ်ကျသွားပြီး မျက်ရည်များစီးကျလာလေသည်။
သိပ်ချစ်ရသော ဖခင်က အဘယ်ကြောင့် အကြောင်းမရှိပါပဲ ထားသွားရသနည်း။Bella မီးနေခန်းထဲကို ဝင်ကာ အန်ကယ်ကို မျက်လုံးချင်းမစုံရဲစွာ ခေါင်းငုံ့ထားလိုက်သည်။
" အန်ကယ်..ကျွန်မပြောစရာရှိတယ်.."
" အင်း..ကလေးထွက်လာရင် လိုက်ခဲ့မယ် "
Bella၏အသံသည် အက်ကွဲနေသည်။ သာမာန်ထက်မူပျက်နေပြီး သားဖွားနေသည့် ဇနီးကိုပင်လှည့်မကြည့်ဘဲ ထွက်လာခဲ့သည်။
Bella၏ကမ္ဘာတစ်ခြမ်းသည် မီးလောင်တိုက်သွင်းခံရသလို လောင်မြိုက်နေလေသည်။ သိပ်ချစ်ရသော အမျိုးသားကြီးသည် ဘယ်တုန်းကမှမတွေးမိပါသော ကိစ္စရက်ဖြစ်သွားသည့်အခါ ပစ္စုန့်ပန်ကိုကျောခိုင်းလိုက်ချင်မိပါတော့သည်။
" အူဝဲ..အူဝဲ.."
အခန်းထဲရှိ သား၏ ငိုသံကိုကြားသည်။ သို့သော် သွားမကြည့်ဘဲ ငိုင်ငိုင်ကြီး ထိုင်နေသည်။

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...