Behind the lust for a man
(ယောင်္ကျားတစ်ယောက်အပေါ်တပ်မက်ခြင်းရဲ့နောက်ကွယ်..)အပိုင်း(၁၅)
ရင်ဘတ်ပေါ်တွေသွေးပေနေသောကြောင့် ရေအမြန်ချိုးကာ Tigထားထားတဲ့ ဝတ်စုံကိုအမြန်ဝတ်ကာ အရေးပေါ်ခန်းဆီသို့ အလောတကြီးပြန်လာလေသည်။ Loganရောက်တော့ သွေးစက်လက်ဒဏ်ရာများကို သွေးတိတ်အောင်ပြုလုပ်ထားပြီး ဘေးမှာဆရာဝန်တွေထိုင်နေကြလေသည်။ တချို့သော ဖန်ကွဲစတွေသည် ယခုထိတိုင်ထုတ်မရသေးချေ။ Logan အနားကိုသွားကာ ဖြူဖျော့ဖျော့မျက်နှာပေါ်၌ ဝဲကျနေသော ဆံပင်တချို့ကို သပ်တင်ပေးလိုက်သည်။
" ကိုယ်လိုချင်တာ ဒီလိုပုံမျိုးမဟုတ်ဘူး Baz"
ဒွီ~~ဒွီ
vibrationလုပ်ထားသည့် ဖုန်းမှ အသံထွက်လာ၍ Loganအပြင်ကိုခပ်မြန်မြန်ပြန်ထွက်ပြီးကိုင်လိုက်သည်။" စင်တာမှာ AB+မရှိဘူး boss "
"စင်တာက ဒီတစ်ခုထဲရှိတာလား "
" နောက်စင်တာတွေမှာ ရှာဖို့က နာရီပိုင်းလောက်ကြာမှာမို့ တစ်ခုခု.."
" ရပြီ..မင်းပြန်လာတော့ ကျန်တဲ့လူတွေကိုဆက်ရှာခိုင်းထား "
" ဟုတ်ကဲ့ပါ boss "
ဆရာဝန်ပြောသည့် ဒါမှမဟုတ်ရဲ့နောက်ကို အသုံးချဖို့ Loganတွေးရချေပြီ။ စဉ်းစားရကြပ်နေသည့် Logan၏မျက်ဝန်းညိုကြီးတွေသည် တကယ်ကိုပင် ဆွဲဆောင်မှုအပြည့်ရှိနေသည်။
သူသေချာစဉ်းစားကြည့်မှ Baz၏မိသားစုနောက်ခံကို သူမသိချေ။ မျိုးရိုးအမည်မပါသော လူမို့ Lucifer (သူ့ပထွေး)၏ လုပ်ဇာတ်ပဲထင်၍ ဘာတစ်ခွန်းမှမစုံစမ်းပဲ သူတို့ခင်းတဲ့ ဇာတ်အတိုင်းလိုက် က နေခြင်းဖြစ်သည်။ နောက်ခံမိသားစုကိုမသိဘဲ Loganဘယ်လို သွေးရှာရပါမည်နည်း။
Logan အရေးပေါ်ခန်းရှေ့၌ နားထင်ကိုဖိကာ မျက်လုံးမှိတ်ပြီး စဉ်းစားခန်းဖွင့်နေရသည်။ သူစဉ်းစားချက်တစ်ခုရပြီမို့ မျက်လုံးကိုဖွင့်ကာ သွားဖို့ပြင်လိုက်စဉ်မှာ..
" ကိုကြီးဘာတွေစိတ်ရှုပ်နေတာလဲဟင်..Mr.Bazရောသက်သာရဲ့လား..ဘေဘီကစိတ်ပူနေတာ"
Logan၏လက်ကိုတွဲကာ မျက်လုံးပေကပ်ပေကလပ်လုပ်နေသောသူသည် Richardဆိုတဲ့ကောင်လေးဖြစ်သည်။ Loganတစ်ချက်ကြည့်လိုက်သည်။ ပြီးနောက် ခေါင်းကိုဖွဖွလေးပုတ်ကာ..

YOU ARE READING
Behind the lust for a man(Complete)
Actionခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူး.. 1.2.22--26.4.22 ခင်ဗျားအပေါ်တပ်မက်လွန်းလို့ ကျွန်တော့်အနားမှာဆွဲခေါ်ထားတာ Mr.Logan တပ်မက်လွန်းလို့ ခင်ဗျားကို အဆုံးအရှုံးမခံနိုင်ဘူ...