အခန်း (၂)

6.8K 948 41
                                    

ဖုရိကျယ်?

ဖု?

နာမည်အသစ်လား?

ဖုခွင်း ကမ်းပေးလာသောလက်ကို သူ အသာ ကြည့်လိုက်ပြီး ပြန်တော့ မဖြေပေ။ သို့သော် လည်း ဖုခွင်းက လက်ကိုပြန်မရုတ်သေးပဲ ဆက်ကမ်းပေးထားပြီး သူမတုန်မလှုပ်ပဲ ဆက်ရှိိနေသည်ကို မြင်သောအခါ ပြောလာသည် " မြန်မြန်လုပ်၊ မင်း ဗိုက်မဆာဘူးလား"

သူနူတ်ခမ်းကို ကိုက်လိုက်ပြီး လက်ကိုအိပ်ထောင်ထဲကို ထည့်မြဲတိုင်း ထည့်ထားကာ မတုန်မလှုပ် နေနေလိုက်သည်။

ဒီလိုကမ်းလှမ်းလာတဲ့ လက်ပေါင်းများစွာကို သူအများကြီး မြင်တွေ့ခဲ့ပြီးပြီ အကြိမ်တိုင်း သူ ဒီလက်တွေကို မျှော်လင့်တကြီး ဆုတ်ကိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အားလုံးက ချန်ထားရစ်ခဲ့ကြတာကြီးပဲ။

သူ အခုတစ်ခေါက်​တော့ထပ်ပြီး ချန်ရစ်ထားမခံချင်တော့ဘူး။

"အားရိုး! မင်းဘာလို့ ဒီလောက် ယဉ်ကျေးနေရတာလဲ" ဖုခွင်းက စိတ်ရှည်သည်းခံတက်တဲ့ အစ်ကိုကြီးကောင်းတစ်ယောက်ဖြစ်ဖို့ ရည်ရွယ်ထားပေမယ့်လည်း ဒီညီလေးက ရိုးရိုးသားသားနဲ့ အရမ်းကို သက်သောင့်သက်သာမရှိသေးတာကြောင့် သူကပဲ အိတ်ထောင်ထဲက ဖုရိကျယ်ရဲ့လက်ကိုဆွဲဖို့ လှမ်းလိုက်ပြီး " လာ၊ ​ကောနဲ့အတူ ဂျုံသွားနယ်ကြမယ်၊ မငိုနဲ့တော့၊ ငိုရင် မင့်မျက်နှာတွေ စုတ်ပြဲကုန်လိမ့်မယ်"

ဖုခွင်းက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်တာကြောင့် အရိုးတွေတောင် နည်းနည်းနာသလို ခံစားလိုက်ရပေမယ့် ရုန်းကန်ခြင်းမပြုခဲ့ပေ။

ဒီလက်တွေက အားပြင်းတယ်ဆိုပေမယ့် နွေးလည်းနွေးထွေးတယ်။

"ကျောပိုးအိတ်က မင်းဗိုက်ပေါ်မှာ ပေါက်နေလို့လား? မကိုင်ထားနဲ့တော့" ဖုခွင်းက သူ့လက်ထဲတွင်ပွေ့ကိုင်ထားသော ကျောပိုးအိတ်ကို လက်မောင်းကြားမှ ဆွဲထုတ်၍ မ ပြီး ချပေးလိုက်ကာ " ဆိုဖာပေါ် တင်ထားလို့ရတယ်လေ"

ဖုရိကျယ်ရဲ့ ကျောပိုးအိတ်ကို ဆိုဖာပေါ်ကို တင်လိုက်ပြီး

"အေးလား?" ဖုခွင်းက ထပ်မေးပြန်သည်။

သူ ခေါင်းရမ်းပြလိုက်သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now