အခန်း ၅၃

3.5K 463 20
                                    

အခန်း 53

ဖုခွင်းရဲ့ ChanAn Star နဲ့ ဖုရိကျယ်ရဲ့ အကြောင်းပြန်စာ ရလာတဲ့ကိစ္စကို လောင်မား အလုပ်ဆင်းလာတော့ သိရှိသွားပြီး တညနေလုံး အသံကျယ်ကျယ်နဲ့ ပြောဆိုနေတော့သည်။

"အိုး ဆားထည့်ခဲ့​​သေးလား မြည်းကြည့်ပါဦး!" ​လောင်မားက မီးဖိုချောင်မှာ ချက်ပြုတ်နေပြီး သူ့ဖာသာသူ စကားပြောသံကို ဧည့်ခန်းထဲကတောင် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

ဖုခွင်း  နှင့် ဖုရိကျယ်က တီဗီကြည့်ရန် ဆိုဖာပေါ်တွင် ထိုင်နေကြပြီး ဖုရိကျယ်က လွီရန်ချိုး  ဝယ်​ပေးထားသော PSP ကို ​​သူ့လက်ထဲတွင် ကိုင်ထားပြီး အချိန်အတော်ကြာ စေ့စေ့စပ်စပ်ကြည့်ပြီးနောက် နောက်ဆုံးတွင် ဖုခွင်းပေါ် ပစ်ချလိုက်ပြီး "မင်းပဲ ကစားလိုက်"

"ကျောင်းကိုယူမသွားဘူးလား?" ဖုခွင်းက ယူ​ကြည့်လိုက်ပြီး "ပျင်းဖို့ကောင်းလို့လား။"

"လက်ဖ်​တော့ရှိတယ်​လေ၊ ငါလည်း ဒီဟာတွေကို ဆော့ရတာ မကြိုက်ဘူး" ဖုရိကျယ်က ရီမုတ်ဒ်ကို ယူလိုက်ပြီး တီဗွီကို ဖွင့်လိုက်ကာ " မင်း သာ့ထုန်ကိုယူသွားပြီး ပျင်းလာတဲ့အခါ ဆော့နေလိုက် "

ဖုခွင်းက ပြုံးပြီး PSP ကိုချထားလိုက်ကာ အခန်းထဲသို့ဝင်သွားပြီး ပိုက်ဆံအိတ်ထဲက ကတ်တစ်ကတ်ကိုထုတ်ကာ ဖုရိကျယ်လက်ထဲကို ထည့်လိုက်ပြီး  "ဒါကို ယူသွားလိုက်"

"ဒါက ဘာလဲ" ဖုရိကျယ်က သူ့လက်ထဲက ကတ်ကို ကြည့်လိုက်သည်။

"မင်းရဲ့ကျူရှင်ဖိုးနဲ့ နေထိုင်စရိတ်အတွက်" ဖုခွင်း  က သူ့ဘေးမှာထိုင်ပြီး "မားတို့ဆီကနေ ပိုက်ဆံတောင်းနေစရာမလိုဘူး။ ငါပြောထားတဲ့အတိုင်းပဲ မင်းရဲ့ကောလိပ်ကုန်ကျစရိတ်အတွက် ငါဘဲပေးမယ်"

ဖုရိကျယ်  ခေါင်းငုံ့ကာ စကားမပြောဘဲ သူ၏ နှလုံးသားထဲတွင် နူးညံ့သော နွေးထွေးမှုတို့က ရှုပ်ထွေးပွေလီသော ခံစားချက်များဖြင့် ရောထွေးနေခဲ့သည်။အဲ့ဒါက လွန်ခဲ့သော နှစ်အနည်းငယ်က ဖုခွင်း  ၏ ကတိတစ်ခုဖြစ်ပြီး ယခုတော့ အမှန်တကယ်ဖြစ်လာခဲ့သည်။

ဖုခွင်းက ၎င်း၏ မူလဆုံးဖြတ်ချက် မှန်ကန်ကြောင်း ၎င်း၏မိသားစုအား သက်သေပြရန် အချက်အလက်များကို အသုံးပြုခဲ့သည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now