အခန်း (၃)

5.4K 837 58
                                    

"အာ? ဘာ ပိုးကောင်ကိုစားတာလဲ?" ဖုခွင်းက စိတ်ရှုပ်ထွေးသွားပြီး ဖုရိကျယ်ရဲ့ ဒီမေးခွန်းကို အချိန် အတန်ကြာအောင် မဖြေနိင်ဘဲဖြစ်နေသည်။

"ပိုးကောင်ကို ကောက်စားလိုက်တာလား" ဖုရိကျယ်က အသံတိုးတိုးနှင့် ပြောလာပြန်သည်။

သူ့၏အသံသည် နဂိုကတည်းက အအေးမိနေတာကြောင့် နှာသံနည်းနည်းပေါက်နေပြီး ဒီလို နားနားကပ်ပြီး တီးတိုးတီးတိုးပြောနေ၍ သူ့နားရွက်ကို ဆံပင်နှင့် ပွတ်လိုက်သလိုဖြစ်ပြီး ဖုခွင်းကိုယ်တစ်ခြမ်းလုံး ယားကျိကျိဖြစ်သွားကာ မပျော်မရွင်ဖြစ်သွားသည်။

အ​တော်​ကြာ​အောင် သူရယ်လိုက်ပြီး ရယ်လိုက်တာကြောင့် အိပ်ချင်စိတ်တွေတောင်ပျောက်သွားသောအခါမှ ဒီပိုးကောင်ကောက်စားတဲ့ အဖြစ်အပျက်ကို သူသတိရသွားပြီး သူ ရိကျယ်ဘက်ကို ဆက်ခနဲ့လှည့်ကာ " အဲဒါက ကျိုင်းကောင်၊ ငါမစားပါဘူး၊ ကျိုင်းကောင်ကလာနေတာ၊ စွန်းဝေက အရင်ဘဝတုန်းကတည်းက ဆာလောင်နေသလို အကောင်ကို ယူပြီးစားလိုက်တာ"

"စားကောင်းလား?" ဖုရိကျယ်က တံတွေးမြိုချလိုက်သည်။

"ဘယ်လိုလုပ် အရသာရှိမှာလဲ? ငါက ခြေထောက်တစ်ချောင်းပဲ စားလိုက်တာလေ" ဖုခွင်းက စဉ်းစားကြည့်လိုက်ကာ " မစားခင် မီးခြစ်နဲ့နည်းနည်း အပူပေးလိုက်သေးတယ်၊ စွန်းဝေကတော့ အစိမ်းပဲစားလိုက်တာ....ဟေ့ရိကျယ်၊မင်းကိုအခုထိမမေးရသေးဘူး၊မင်းဘာလို့ ဖက်ထုပ်အစိမ်းကို စားတာလဲ?"

ဖုရိကျယ်က တစ်ခွန်းမှ ပြန်မပြောချေ။

"မင်းဘာလို့ စကားပြောရတာကို ဒီလောက်မကြိုက်ရတာတုန်း" ဖုခွင်းက မေးလိုက်သည်။

ဖုရိကျယ်က အခုထိတုတ်တုတ်မှမလှုပ်၊ ပါးစပ်ကိုသေချာပိတ်ထားကာ အိပ်ဖို့ရန်သာ ပြင်ဆင်နေသည်။

အိပ်ပျော်တော့မည်ဆဲဆဲတွင် ဖုရိကျယ်က စောင်ကိုကိုင်၍ ရုတ်တရပ်ကြီး ထထိုင်လိုက်သည်။

"ဘာဖြစ်တာလဲ?" ဖုခွင်းလည်း လန့်ပြီး ထထိုင်လိုက်သည်။

"လေလည်ချင်တယ်" ဖုရိကျယ်က အသံတိုးတိုးနှင့် ပြန်ဖြေလာသည်။

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now