အခန်း ၅၆

2.3K 421 13
                                    

အခန်း ၅၆

ကျန်းဆုန်း  ထိုစကားကို ပြောပြီးသည်နှင့် ဖုရိကျယ်  ၏ မူးဝေသော ခေါင်းသည် ရုတ်တရက် နိုး​ကြား​လာသည်။

"ဘာလဲ" သူ ကျန်းဆုန်းကို ကြည့်လိုက်သည်။

"ဘာမှ မဟုတ်ပါဘူး" ကျန်းဆုန်းက  ပြုံးပြီး "ဒီတိုင်း ပြောလိုက်တာ၊ နည်းနည်း ကောင်းသွားပြီလား? အဆောင်ကို ပြန်တော့မလား၊ ထပ်ပြီး နောက်ကျမှ ပြန်ရောက်ရင် လျိုဝေ ငါတို့ကို အဆောင်ထဲ ဝင်မလာဖို့ ပြောတော့မယ်"

"သွားရအောင်။" ဖုရိကျယ်က  သူ့ကို မော့ကြည့်ပြီး အိပ်ဆောင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။

ကျန်းဆုန်းက သူနဲ့ခဏ​လောက်​​လေး အတူရှိလိုက်တာနဲ့ "မင်းနှလုံးသားထဲမှာ တခြားတစ်ယောက်ရှိနေတယ်" ဆိုတဲ့ စကားကို ​ပြောလာခဲ့ပြီး သူ အတတ်နိုင်ဆုံး ကြိုးစားပြီး စဥ်းစားခဲ့ပေမယ့် အချိန်အတော်ကြာ တွေးကြည့်မိပြီးနောက်မှာတော့ သူ ဘာကိုမှ မဖော်ပြမိပါဘူးလို့ တွေးမိပြန်သည်။

ကျန်းဆုန်းရဲ့ စကားကြောင့် သူ မူးဝေခြင်း မရှိတော့သလို ခြေသလုံးတွေ အားနည်းလာပြီး လမ်းလျှောက်တဲ့အခါ ယိမ်းထိုးနေတာမျိုးလည်း မရှိ​တော့ဘူး။

အိပ်ဆောင်သို့ပြန်ရောက်တော့ ရွီဟောင်နဲ့ ဝူဖျင်ရှန်းလည်း ရှေ့ဆင့်နောက်ဆင့် အိပ်ဆောင်ပေါက်ဝကနေ ဝင်လာခဲ့​ကြသည်။ လျိုဝေက မ​ကြည်သောမျက်နှာဖြင့် အိပ်ရာပေါ်တွင်ထိုင်နေပြီး အခန်းထဲတွင် မည်သူမျှ စကားမပြောကြပေ။

"မင်းတို့နောက်ဆို အရမ်းနောက်ကျမှ​ပြန်တာကို ရပ်လိုက်နိုင်မလား" လျို​ဝေက ကျန်းဆုန်းကို ကြည့်လိုက်သည်။

 လျိုဝေကအမြဲ ရိုးရိုးသားသားပြောဆိုနေသောကြောင့်ထင်သည်၊ လျိုဝေက သူ့ကိုသာ အမြဲပြောဆိုနေပြီး ထို့ကြောင့် လျိုဝေသည် သူ့ကို ယခုအချိန်တွင် အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။

"တောင်းပန်ပါတယ်" ကျန်းဆုန်းက  ဒီနေ့ သူ့ကို ​ပြန်မပြောတော့ဘဲ မျက်နှာသုတ်ပုဝါကိုယူကာ ရေချိုးဖို့ပြင်ဆင်ပြီး "အလျင်လိုနေတဲ့သူရှိသေးလား? မရှိရင် ငါအရင်သွားလိုက်မယ်"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now