အခန်း ၆၁

2.3K 424 10
                                    

အခန်း ၆၁

ချန်လိက ထိုစကားကို အလွန်ပေါ့ပေါ့ပါးပါး ​ပြောလိုက်
သော်လည်း ဖုခွင်း  ရုတ်တရက် မည်သို့တုံ့ပြန်ရမည်ကို မသိသဖြင့် ခေါင်းငုံ့ကာ လက်ထဲရှိ တူနှင့် ပန်းကန်ပြားပေါ်က ဆူရှီတစ်ပိုင်းကို ညှပ်ယူကာ ပါးစပ်ထဲသို့ ကောက်ဝါးလိုက်သည်။

ကိုက်ချပြီးပြီးချင်းမှာ အေးမြတဲ့လေပြင်းတိုက်ခတ်လာသလို ပါးစပ်တစ်ခုလုံး အေးမြတဲ့လေပြင်းကြောင့် လွင့်ပါးလုနီးပါးဖြစ်သွားသည်။

"ငါလူး" ဖုခွင်းက တူကို စားပွဲပေါ် ချလိုက်ပြီး မျက်ရည်တွေ ထွက်လာကာ သူ့နှာခေါင်းကနေအနံ့ ရှူမိရင်း အေးစက်သွားကာ"ဝါဆာဘီ​တွေပဲ..."

ချန်လိက  သူမပါးစပ်ထဲထည့်ထားတဲ့ ငါးအသားလွှာကို မထွက်ကျအောင် တားဆီးဖို့ ပါးစပ်ကို ဖုံးထားရင်း ရယ်မောလိုက်သည် ။

"လက်စားချေရမယ်၊ ငါ့ကိုသတိမပေးတာကို" ဖုခွင်း  ပြန်ကောင်းလာဖို့ အချိန်အတော်ကြာယူလိုက်ရသည်။သူ သည်းမခံနိုင်ဆုံးအရာက ဝါဆာဘီနံ့ပါပဲ။ နမ်းရုံနဲ့ ခဏတာ ငိုဖို့ လုံလောက်တယ်။ အသက်အရွယ်ကြောင့် သူ တကယ်မငိုဘူးဆိုပေမယ့် မျက်ရည်တော့ဝဲခနဲ ဖြစ်သွားသည်။ 

"မင်းက ကာလာဘလိုင်းလား၊ ဒီအစိမ်း​ရောင်​တွေက ဝါဆာဘီဆိုတာကိုတောင် မသိရအောင်" ချန်လိက ရေခွက်ကို သူ့ရှေ့မှာ တွန်း​ပေးလိုက်ပြီး "မင်း စိတ်လွင့်နေတာပဲ"

"ဟုတ်လား" ဖုခွင်းက သူ့မျက်လုံးတွေကို ပွတ်သပ်ပြီး "ဟေး ဒီအ​တောအတွင်း မင်းဘာတွေလုပ်ကိုင်နေလဲ ငါ့ကိုပြောပြအုန်း"

"အကြောင်းအရာပြောင်းမယ်​ပေါ့၊ မင်းက... ငါ့ကိစ္စကပြောရရင် တော်တော်ရိုးရှင်းပါတယ်" ချန်လိက ပြုံးပြီး "ကျောင်းထွက်ပြီးတော့ အိမ်ယာမဲ့ဖြစ်သွားတယ်"

ဖုခွင်းက ရေသောက်ရင်း သူမကို စိုက်ကြည့်ကာ "မင်းတကယ် တောင်းစားနေတာလား"

"မင်းပါးစပ်က!" ချန်လိက သူ့ကို ကန်ထုတ်လိုက်ပေမယ့် ခဏကြာ ရယ်မောပြီးနောက် သူ့မျက်နှာပေါ်က အမူအရာက တဖြည်းဖြည်း လေးနက်လာသည်၊ "ဒါပေမယ့် တကယ်ကို ခက်ခက်ခဲခဲ လုပ်ရတာ။ အစောပိုင်းက  အဖွားက ငါ့ကို ပိုက်ဆံပေးဖို့ သိုးမွှေးထည်နဲ့ တိတ်တိတ်လေး ထည့်ပေးလိုက်တာ။"

ငယ်ချစ်ပုံ​ပြင် - 竹木狼马 [Myanmar Translation ]Where stories live. Discover now